Thursday, November 17, 2016

မြတ်ဗုဒ္ဓ လက်ဝဲအောက်စွယ်တော်သမိုင်း"

မြတ်ဗုဒ္ဓ လက်ဝဲအောက်စွယ်တော်သမိုင်း"

               မြတ်ဗုဒ္ဓ၏ရုပ်ကလာပ်တော်ကို နံ့သာ
မီးတို့ဖြင့် တောက်လောင်နေချိန်တွင် ခေမ မည်
သောရဟန္တာမထေရ် တန်ခိုးဖြင့်ဆောင်ယူ၍
ဓါတ်တော်ဝေပွဲသို့မလာရောက်နိုင်သော ဗာရာ
ဏသီ ခေါ် ကာလိင်္ဂတိုင်း ဗြဟ္မဒတ်မင်းထံသို့
ပေးအပ်သည်။ ပြည်သူပြည်သားတို့ကျေနပ်
ဝမ်းမြောက်ကြလျက် မြို့တော်ကို ဒန္တပူရဟု သ
မုတ်သည်။
                 ကာလိင်္ဂတိုင်းမှာ ယခုဘင်္ဂလားနယ်
ရှိ မဟာနဒီမြစ်နှင့် ဂေါဒါဝတီမြစ်တို့ကြားတည်
ရှိပြီး မြို့တော်မှာ Ganjan ဂင်ဂျန်ပြည်နယ်Puri
ပူရီမြို့အနီး၌ တည်ရှိသည်။ထိုအချိန်က အဇာတ
သတ်မင်းနှင့် ဗြဟ္မဒတ်မင်းတို့သည် ဘာသာချင်း
တူသော်လည်း နိုင်ငံရေးအရ မသင့်မြတ်ကြပေ။
                    သံဃရာမဝိဇယဥတ္တမင်္ဂဝဍ္ဎမာန
မင်းလက်ထက်တွင် မြို့တော်ကို ယခုCuttack
ခေါ် ကီဓာရာမ်သို့ ရွေ့ပြောင်းခဲ့သည်။သာသနာ
သက္ကရာဇ် ၁ ခု မဟာသက္ကရာဇ် ၁၄၈ ခု ခရစ်
တော်မပေါ်မီ သက္ကရာဇ် ၄၅၀ ကျော်တွင် ကုသိ
နာရုံမှဒန္တပူရသို့ မြတ်ဗုဒ္ဓ၏ လက်ဝဲအောက်စွယ်
တော်ရောက်ရှိခဲ့သည်။
                     ၎င်းနောက်ပိုင်း ဂုဟသီဝ မင်းလက်
ထက်သို့ရောက်သောအခါ ကာလိင်္ဂတိုင်းမှာအင်
အားချိနဲ့လာပြီး တိတ္ထိတို့ကုန်းတိုက်စကားဖြင့်
ပါဋလိပုတ်ပြည်နှင့် ပြသနာဖြစ်ခဲ့ပြီး ၎င်းဘုရင်မှ
စွယ်တော်ကို သိမ်းယူဖျက်ဆီးခဲ့ရာ မပျက်စီးပဲ
တန်ခိုးရှစ်ကြိမ်တိုင်တိုင်ပြသဖြင့် ပါဋလိပုတ်ပြည်
ပဏ္ဍုဘုရင် ရဟန်းပြုသွားသည်။
                       ၎င်းနောက် ပဏ္ဍုမင်းနှင့်စစ်ဖြစ်ဖူး
သော ခိရဓါရ ခေါ် ခီဓါရမ် ဘုရင်စိတ္တယာန၏
တူတော်များဖြစ်သော မလယ မင်းများကစွယ်
တော်ကိုတောင်းပြန်ရာ စစ်ဖြစ်ပြန်သည်။
                         ထိုစစ်ပွဲတွင် ဂုဟသီဝဘုရင်
ကျဆုံးသဖြင့် ၎င်းမှာကြားထားသည့်အတိုင်း
သမီးတော်နှင့် သားမက်တော်ဖြစ်သော
ဟေမမာလာ ခေါ် တွဉ္စနမာလီမင်းသမီးနှင့်
ဥဇ္ဇေနီဘုရင်၏ သားတော် ဒန္တကုမာရ မင်းသား
တို့သည် အိန္ဒယတိုင်း တာမလိတ္တိမှ တစ်ဆင့်
သ်ီဟိုဠ်ကျွန်း ယခုသီရိလင်္ကာ နိုင်ငံ မဟာသေန
မင်း (AD 334-362)သို့ ဇမ္ဗူဒီပ ခေါ် ရွက်
သင်္ဘောဖြင့် သွားရာ သီဟိုဠ်ကျွန်း ဇမ္ဗူကောလပ
ဋန မဟာတိတ္တ သင်္ဘောဆိပ်သို့ ရောက်ရှိပြီး
အနုရာဓ မြို့သို့ပင်ပမ်းကြီးစွာသွားရသည်။
                       အနုရာဓမြို့သို့ရောက်ရှိချိန်တွင်
မဟာသေနမင်းနတ်ရွာစံ၍ ၎င်း သားတော် ကိတ္တိ
မေဃဝဏ္ဏမင်း (B.C846-874)နန်းတက်ချိန်ဖြစ်
ပြီး ဘုရင်ထံ မဝင်ဝံ့တော့ပဲ မဟာဝိဟာရ
ကျောင်းတိုက်သို့ ရောက်ရှိပြီး သင်္ဃရီ မထေရ်
မှတစ်ဆင့် ဘုရင်ထံအကြောင်းကြားသည်။
ဘုရင်လည်း လာရောက်ဖူးမြှော်ပြီး ခမ်းနားစွာ
ပူဇော်သည်။၎င်းမင်းမှ ဓမ္မပါလမင်း(B.C2094-
2120)လက်ထက်ထိ မင်းဆက်ပေါင်းတစ်ရာ
ကျော် ပူဇော်ခဲ့ကြသည်။
           ယခုအခါ သီရိလင်္ကာနိုင်ငံ ကန္ဓီမြို့၌
ဒါလာဒါမာလိဂဝ စွယ်တော်တိုက် တည်ရှိပြီး
ဟေမမာလာမင်းသမီး၏ စွယ်တော်ဝှက်သော
ဆံထိုးကိုအကြောင်းပြု၍ စွယ်တော်ကိန်းဝပ်ရာ
စေတီကြုတ်ထိပ်၌ ဆံထိုးပုံရှိနေကြောင်းသိရ
သည်။ သို့သော် လက်ဝဲအောက်စွယ်တော်နှင့်
ပတ်သက်သော သမိုင်းကြောင်းအချို့လည်းရှိ
ပါသည်။
                        ပုံတွင်ဖေါ်ပြထားသောစွယ်တော်
မြတ်မှာ ကရင်ပြည်နယ်ဘုရားသုံးဆူ နယ်စပ်ဒေ
သတွင် ကိန်းဝပ်စံပါယ်တော်မူသော စွယ်တော်
ဖြစ်ပြီး ကိုယ်တိုင်လည်းဖူးမြင်ခဲ့ရဘူးပါသည်။
                         ရွှင်လန်းချမ်းမြေ့ကြပါစေ
                              

#ငြိမ်းချမ်းပါစေ

"ကမ္ဘ္ဘ္ဘ္ဘာ၏သက်တမ်း အပိုင်းအခြားနှင့် အန္တရကပ်"

"ကမ္ဘ္ဘ္ဘ္ဘာ၏သက်တမ်း အပိုင်းအခြားနှင့် အန္တရကပ်"

           ဤကမ္ဘာကြီးသည် (၁)အာယုကပ်(၂)အန္တ
ရကပ် (၃)အသင်္ချေယျကပ်(၄)မဟာကပ်ဟူ၍
လေးမျိုးရှိရာ သတ္တဝါတို့၏ သက်တမ်းအပိုင်းအ
ခြားကာလကို အာယုကပ် ဟုခေါ်၏။ သတ္တဝါတို့
၏ အသက် အသင်္ချေယျတန်းမှ ဆုတ်ယုတ်၍
ဆယ်နှစ်တန်းအထိ  တစ်ဖန် ဆယ်နှစ်တန်းမှ
တက်၍ အသင်္ချေယျတန်းအထိ ကာလကို အန္တရ
ကပ်ဟုခေါ်၏။  ထိုအန္တရကပ် ၆၄ ကပ်ကို အသ
င်္ချေယျကပ်ဟုခေါ်၏။ အသင်္ချေယျကပ်လေးကပ်
ကို မဟာကပ်ဟုခေါ်ဆို၏။ထိုမဟာကပ်လေးကပ်
ကိုခြောက်ဆယ်လေးဖြင့်မြှောက်သော် နှစ်ရာငါး
ဆယ့်ခြောက်ကပ်သည်ကမ္ဘာ၏အသက်ဖြစ်၏။
               ထိုကပ်တို့တွင် ယခုတည်ဆဲဖြစ်သော
ကမ္ဘ္ဘာ၏ အသက်ကို ဘုရားပွင့်သောကာလဖြင့်
ရေတွက်ပြရာ  ကမ္ဘာကြီးဖြစ်တည်ပြီးနောက် အန္တ
ရကပ် (၈)ကပ်မြောက်တွင် ကကုသန် ဘုရားပွင့်
တော်မူ၏။
                အန္တရကပ်(၉)ကပ်မြောက်တွင်
ကောဏဂုံ ဘုရားပွင့်တော်မူ၏။ အန္တရကပ်(၁၀)
ကပ်မြောက်တွင် ကဿပ ဘုရားပွင့်တော်မူ၏။
အန္တရကပ် (၁၁)ကပ်မြောက်တွင် ဂေါတမဘုရား
ပွင့်တော်မူ၏။ အန္တရကပ်(၁၂)ကပ်မြောက်တွင်
လည်း အရိမေတ္တေယျဘုရား ပွင့်တော်မူလိမ့်မည်
ကျန်သော ကပ်တို့၌ ဘုရားမပွင့်ကြရာ ယခုကာ
လသည် ဂေါတမဘုရားပွင့်ရာ ကာလဖြစ်၍ အန္တ
ရကပ် (၁၁)မြောက်ဟုသိရလေသည်။
                         ရွှင်လန်းချမ်းမြေ့ကြပါစေ
                           

#ငြိမ်းချမ်းပါစေ

"ဘုရားရှင်တို့၏ တစ်ဆူနှင့်တစ်ဆူ မတူထူးထွေ ကွဲပြားသော အတိုင်းအရှည် ပမာဏ"

"ဘုရားရှင်တို့၏ တစ်ဆူနှင့်တစ်ဆူ မတူထူးထွေ
ကွဲပြားသော အတိုင်းအရှည် ပမာဏ"

(၁)သက်တမ်းမတူခြင်း

(၂)အရပ်တော်အနိမ့်အမြင့် မတူခြင်း

(၃)အမျိုးအနွယ်တော်မတူခြင်း

(၄)ဒုက္ကရစရိယာ ကျင့်ရပုံ မတူခြင်း

(၅)ရောင်ခြည်တော်ထွက်ပုံ မတူခြင်း

(၆)တောထွက်သောအခါ စီးနင်းသောယာဉ်
     မတူခြင်း

(၇)ပွင့်ရာဗောဓိပင် မတူခြင်း

(၈)ပလ္လင်တော် ပမာဏ မတူခြင်း

ဖြည့်စွက်ထည့်သွင်းချက်မှာ

(၉)ပါရမီဖြည့်ကျင့်ရာ အချိန်ကာလမတူခြင်း

(၁၀)ပညာဓိက သဒ္ဓါဓိက ဝီရိယာဓိက ဟူသော
        အား အနဲအများကွဲပြားခြင်း

(၁၁)ပရိနိဗ္ဗာန် ဝင်စံသောအခါ ဓါတ်တော်ချန်ခဲ့
        မချန်ခဲ့ခြင်း-စသည်ကွဲပြားခြင်း
        ဓါတ်တော်ချန်ခဲ့သောအခါလည်း ချန်ထားပုံ
        မတူကွဲပြားခြင်း။

                              ရွှင်လန်းချမ်းမြေ့ပါစေ

                                       
#ငြိမ်းချမ်းပါစေ

(ရင့်မာကျိပ်ဝင်) "နောင်ပွင့်မည့် ဗျာဒိပ်ရပြီးသား ဘုရားအလောင်း တော်(၁၀)ပါး"

(ရင့်မာကျိပ်ဝင်)
"နောင်ပွင့်မည့် ဗျာဒိပ်ရပြီးသား ဘုရားအလောင်း
တော်(၁၀)ပါး"
(၁)အရိမေတ္တေယျဘုရားအလောင်း

(၂)ရာမမင်း

(၃)ပသေနဒီကောသလမင်း

(၄)ဒီဃသောဏီ အသူရိန်နတ်မင်း

(၅)အဘိဘူ နတ်မင်း

(၆)စဏ္ဍနီ ပုဏ္ဏား

(၇)သုဘ လုလင်

(၈)တောဒေယျ ပုဏ္ဏား

(၉)နာဠာဂီရိဆင်မင်း

(၁၀)ပလေယျ ဆင်မင်း

           ဥတ္တမော မေတ္တေယျော ရာမော ပသေနဒီ
ကောသလောစ အဘိဘူဒီဃသောဏီစ စဏ္ဍာနီ
သုဘော  တောဒေယျ ဗြဟ္မာဏော နာဠာဂီရိ ပလ
လေယျော ဗောဓိသတ္တာ အနုက္ကမေန သမ္ဗောဓိံ
လဘန္တိ အနာဂတေ။(အနာဂတဝင်ကျမ်း)
                ရွှင်လန်းချမ်းမြေ့ကြပါစေ
                          

#ငြိမ်းချမ်းပါစေ

မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော် ခြောက်သွယ်

"မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော် ခြောက်သွယ်"

(၁)နီလ-ညိုသောရောင်ခြည်တော်

(၂)ပီတ-ရွှေသောရောင်ခြည်တော်

(၃)လောဟိတ-နီသောရောင်ခြည်တော်

(၄)သြဒါတ-ဖြူသောရောင်ခြည်တော်

(၅)မဇ္ဈိဋ္ဌ-မောင်းသောရောင်ခြည်တော်

(၆)ပဘဿရ-ပြိုးပြိုးပြက်ပြက် တစ်ခဲနက်သော
ရောင်ခြည်တော်

မှတ်ချက်
            မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်သွယ်
လုံးကို တစ်ပြိုင်နက်ထဲ မဖူးမြင်ရဘူးသေးပါ သို့
သော် ပထမ တစ်ခါ ခြေတော်ရာမှ ထွက်သော
ညိုသောရောင်ခြည်တော်ကို ဖူးမြင်ဘူးပါသည်
ထူးခြားသည်မှာ အလယ်ဗဟို စက်တော်နေရာ
မှာ အစိမ်းရောင် ဖြာထွက်နေသော အဝိုင်းပုံ
ရောင်ခြည်တော်ကို မြင်ဖူးပါ၏။
               ဒုတိယအကြိမ်တွင် လျှပ်စစ်ပျံသကဲ့သို့
စွယ်တော်မှထွက်သော ရောင်ခြည်တော်ကိုမြင်ဖူး
ခဲ့ပါသည်။
                    ရွှင်လန်းချမ်းမြေ့ပါစေ

#ငြိမ်းချမ်းပါစေ

                    မြင့်မြတ်သော ကြယ်တာရာအုပ်စုဝင်

"အမတ်တို့ ကျင့်အပ်သော ၂၃ ချက်မှ နှစ်သက် ရာ ကောက်နူတ်ဖေါ်ပြချက်"

"အမတ်တို့ ကျင့်အပ်သော ၂၃ ချက်မှ နှစ်သက်
ရာ ကောက်နူတ်ဖေါ်ပြချက်"

(၁)အရှင်ကို မကောင်းမှုမှ တားမြစ်ခြင်း

(၂)အစီးအပွါးရှိသည်ကိုသာ ယှဉ်စေခြင်း

(၃)အရှင်၏ လျှို့ဝှက်သောအရာကို လျှို့ဝှက်ခြင်း

(၄)အရှင်၏ ကျေးဇူ့သိတတ်ခြင်း

(၅)အမှုအရေး ဘေးရန်ရှိသောအခါ အရှင်ကို
မစွန့်ခြင်း

(၆)အကြားအမြင်များခြင်း

(၇)သီလရှိခြင်း

(၈)ရဲစွမ်းသတ္တိရှိခြင်း

(၉)လုံ့လဝီရိယရှိခြင်း

(၁၀)စေ့စပ်သေချာခြင်း

(၁၁)ကိုယ်အား ဥာဏ်အားပြည့်စုံခြင်း

(၁၂)အဂတိလေးပါမလိုက်စား တည်ကြည်ခြင်း

(၁၃)ဣနြေ္ဒစောင့်စည်းခြင်း

(၁၄)စကားအရာလိမ္မာကျွမ်းကျင်ခြင်း

(၁၅)တရား၌မွေ့လျော်ခြင်း

(၁၆)အမှုကိစ္စမှန်သမျှကို တရားသဖြင့်စီရင်ခြင်း

(၁၇)တိုင်းသူပြည်သားများအား ရင်ဝယ်သားကဲ့
သို့ သနားကရုဏာထားခြင်း

မှတ်ချက်
             ၁၆/ ၁၇ ပါ အချက်များမှာ ဖြည့်စွက်
ထည့်သွင်းခြင်း
                           

#ငြိမ်းချမ်းပါစေ

"အက္ခောဘဏီ သေနင်္ဂဗျူဟာ စစ်တပ်လက္ခဏာ"

"အက္ခောဘဏီ သေနင်္ဂဗျူဟာ စစ်တပ်လက္ခဏာ"

(၁)သီဟိုဠ်ကျွန်း ဒုဋ္ဌဂါမဏိမင်းလက်ထက် ကျေး
ကုလားတို့ကိုစစ်ချီရာ အက္ခောဘဏီတပ်မှာ
မဟာဝင်ဋီကာအရ  တိုက်ဆင် တစ်ကုဋေ ရထား
ဆယ်ကုဋေ  မြင်းပေါင်းကုဋေတစ်ရာ လေးပစ်
လေးဆွဲ သူရဲ ကုဋေနှစ်ရာ စစ်သည် ကုဋေတစ်
သောင်းလေးထောင် စုစုပေါင်း တစ်သောင်းလေး
ထောင်သုံးရာတစ်ဆယ့်တစ်ကုဋေရှိသည်။

(၂)ဘုရားအလောင်းတော် မဟောသဓာသတို့
သား စစ်ချီတက်ရာ၌ အက္ခောဘဏီ စစ်တပ်
သည် ဝါးလုံးခြောက်ဆယ်တစ်စည်းကိုချထားရာ
စစ်အင်္ဂါလေးပါးတို့ နင်းသွား၍ မြူမှုန်ဖြစ်ပြန်လျှင်
တစ်ဖန် ဝါးခြောက်ဆယ်တစ်စည်းကို ချပြန်၏
ဤသို့နင်းသွားခြင်းဖြင့် ဝါးအလုံးခြောက်ဆယ်
စည်းပေါင်း ခြောက်ဆယ်မြူမှုန်ဖြစ်အောင် များ
ပြားသော စစ်အင်္ဂါလေးပါ အရေအတွက်ကိုဆို၏။

(၃)ကျစွာမင်းလက်ထက် အက္ခောဘဏီ ယူဆပုံ
မှာ ဆင်ပေါက်ကြီး ကိုးထောင် ရထားကိုးသိန်း
မြင်းကိုးကုဋေ ခြေသည်သူရဲ ကုဋေကိုးရာ သမီး
ကညာ ကုဋေကိုးသောင်း မိန်းမ ကုဋေကိုးသိန်း
ဤအရေအတွက်ကို အက္ခောဘဏီဟု ဆိုထား
သည်။

(၄)အမရကောသ အဘိဓါန်ဋီကာ တို၌ကား
ဆင် ၂၃၈၇၀  ရထား ၂၁၈၇၀ မြင်း ၆၅၆၁၀
ခြေသည်တော် ၁၀၉၃၅၀ ပေါင်း ၂၁၈၇၀၀သည်
အက္ခောဘဏီ သေနင်္ဂဗျူဟာဟု သတ်မှတ်ထား
ကြသည်။
                 မှတ်သားမိသလောက်ဖေါ်ပြခြင်းသာ
                           

#ငြိမ်းချမ်းပါစေ