Thursday, November 17, 2016

"အမေးငါးထွေ အဖြေလေးပါး"

"အမေးငါးထွေ အဖြေလေးပါး"

"အမေးငါးမျိုး"

၁။ အဒိဋ္ဌ စောဒနာ = မသိမမြင်၍ သိချင်သဖြင့် မေးသော အမေး။

၂။ ဒိဋ္ဌ သံသန္ဒနာ = မိမိ သိပြီးလျက် အယူအဆ တူမတူ သိလို၍ မေးသောအမေး။

၃။ ဝိမတိစ္ဆေဒနာ = သံသယရှိသဖြင့် ရှင်းလင်းစွာ သိလို၍ မေးသောအမေး။

၎။ အနုမတိ = မိမိနှင့်သဘောတူဖြစ်ရန် ညှိနှိုင်းလို၍ မေးသောအမေး။

၅။ ကထေတုကမျတာ = မိမိကိုယ်တိုင် ဖြေကြားလို၍ မေးသောအမေး။


"အဖြေလေးမျိုး"

၁။ ဧကံသဗျာကရဏ = ​မေးသလောက်ကိုသာ လိုရင်းတိုရှင်း တိတိပပ ဖြေကြားခြင်း။

၂။ ဝိဘဇ္ဇဗျာကရဏ = အကျယ်ဝေဖန်၍ ဖြေကြားခြင်း။

၃။ ပဋိပုစ္ဆာ ဗျာကရဏ = ပုစ္ဆာတုံ့မေး၍ အရေးအရာအားလျော်စွာ ဖြေကြားခြင်း။

၎။ ဌပနိယ ဗျာကရဏ = မေးသည်ကို မဖြေဘဲထား၍ အခြားစကားဖြင့် ဖြေကြားခြင်း။

( ယ​နေ့ ဗုဒ္ဓဝါဒဆိုင်​ရာ အ​မေးအ​ဖြေများ ( ၁ ) ထီးချိုင့်​တည်​​တောဆရာ​တော်​ မှ ကူးယူမျှ​ဝေပါသည်​။

                             #ငြိမ်းချမ်းပါစေ

No comments:

Post a Comment