"အရဟံဂုဏ်တော်(၅)"
"ဆိတ်ကွယ်ရာ၌ မကောင်းမှုပြုတော်မမူသော
မြတ်ဗုဒ္ဓ၏ အရဟံဂုဏ်တော်"
အ+ရဟံ/ အ=မရှိ။ရဟ=ဆိတ်ကွယ်ရာ။
မကောင်းမှုပြုခြင်း၌ ဆိတ်ကွယ်ရာမရှိ။ ဆိတ်
ကွယ်ရာ၌ မကောင်းမှုမပြုဟု ဆိုလိုသည်။ လော
က၌ ပညာရှိအမည်ခံ အချို့ပုဂ္ဂိုလ်ကြီးတို့ပင်
မျက်မြင်၌ညမကောင်းမှုမပြုသော်လည်း ကွယ်
ရာ၌ကား ပြုတတ်ကြသေး၏။
ဘုရားရှင်ကား ဆိတ်ကွယ်ရာ၌ပင်မပြု။
ကိလေသာ မကင်းသေးသူ၌သာ အကုသိုလ်မှု
ရှိသော်လည်း ကိလေသာလုံးဝမရှိသောရှင်တော်
မြတ်ဘုရားမှာ ဘယ်အခါ ဘယ်ကာလမှာမှ မရှိ
နိုင်တော့ပေ။
အချို့ကိုယ်နူတ်၌ ထိန်းသိမ်းနိုင်သော်
လည်း စိတ်၌ကားဖြစ်တတ်သေး၏။ဘုရားရှင်
ကား စိတ်၌ပင် အလွန်သန့်ရှင်းလျက်ရှိပေသည်။
ဘုရားဖြစ်သောအခါ မဆိုထားဘိ အလောင်း
တော်ဘဝ ဒုက္ကရစရိယာ ကျင့်ဆဲအခါကပင်
စိတ်ဓါတ်တော်မှာ အလွန်စင်ကြယ်လျက် ရှိခဲ့ပေ
သည်။ မာရ်နတ်သည် ဘုရားရှင်အပေါ် အပြစ်
ရှာရန် ခုနစ်နှစ်ပတ်လုံး ခြေရာချက်းကပ် ထပ်
ကြပ်မကွာ လိုက်ပါစုံစမ်းလျက်ရှိသော်လည်း
နောက်ဆုံးလုံးဝ ရှာမရသောအခါ………
သတ္တဝဿာနိ ဘဂဝန္တံ အနုဗန္ဓိံ ပါဒါပဒံ။
သြတာရံ နာဓိဂစ္ဆိဿံ သမ္ဗုဒ္ဓဿ သတီမတော။
(သုတ္တနိပါတ် ပဓဇာနသုတ် ၃၄၃)
ဘုရားရှင်ကို ခုနစ်နှစ်လုံးလုံး ခြေရာချင်း
ကပ် ထပ်ကြပ်မကွာ လိုက်ခဲ့သောငါကား ကြီးမား
သောသတိပိုင်ရှင် ဘုရားရှင်၏ အကုသိုလ်ဖြစ်
ခွင့် အကြားအပေါက်ကို ရှာမရခဲ့ပါပေဟု ညည်း
တွား ဝန်ချခဲ့ရသည်။
ဤမျှစင်ကြယ်တော်မူပါပေသည်။ (ဤ၌
ခုနစ်နှစ်ဆိုသည်မှာ ဘုရားမဖြစ်မီ ဒုက္ကရစရိယာ
ကျင့်စဉ် ခြောက်နှစ်နှင့် ဘုရားဖြစ်ပြီး နောက်တ
နှစ်ကို ဆိုသည်။)
ဤ၌ ရှင်တော်မြတ်ဘုရား၏ အရဟံ
ဂုဏ်တော်မြတ်ကို အကျဉ်းမျှသာ အမှတ်စဉ်
(၅)အဖြစ် ပူဇော်လိုက်ရပါသတည်း။
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment