Thursday, November 17, 2016

"သမ္မာသမ္ဗုဒ္ဓဂုဏ်တော်(၂)" "နာမ်တရားတို့ကိုပိုင်းခြားသိတော်မူပုံ"

"သမ္မာသမ္ဗုဒ္ဓဂုဏ်တော်(၂)"

"နာမ်တရားတို့ကိုပိုင်းခြားသိတော်မူပုံ"

           ရှေ့သမ္မာသမ္ဗုဒ္ဓဂုဏ်တော်အပိုင်း(၁)မှ
ရုပ်တို့၏ သတ္တိကိုသာမက အကောင်အထည်မ
ရှိသော နာမ်တရားများကိုလည်း စိတ်နှင့် စေတ
သိတ် တွဲ၍သူ့အတွဲနှင့်သူ ဖြစ်နေကြသည်ကို
၎င်း တစ်ခုပျက် တစ်ခုဖြစ်နှင့် အစဉ်မပြတ် ဆက်
ကာဆက်ကာ ဖြစ်ပျက်နေပုံကို၎င်း အကြောင်းအ
မျိုးမျိုးကြောင့်ဖြစ်ရပုံ ရှေးစိတ်က နောက်စိတ်ကို
သတ္တိအမျိုးမျိုးဖြင့် ကျေးဇူ့ပြု ထောက်ပံ့ပေးလျက်
ရှိပုံ  ဖြစ်လာသောနာမ်တရားများကလည်း ရုပ်က
လာပ်တွေကိုပေါ်လာအောင် ပေါ်ပြီးရုပ်တွေ
တည်တံ့နိုင်အောင် သတ္တိအမျိုးမျိုးဖြင့် ကျေးဇူ့ပြု
ထောက်ပံ့ပေးလျက်ရှိပုံ ဖြစ်လာသော နာမ်တရား
များကလည်း ရုပ်ကလာပ်တွေကို ပေါ်လာအောင်
ပေါ်ပြီးရုပ်တွေ တည်တံ့နိုင်အောင် သတ္တိအမျိုးမျိုး
ဖြင့် ကျေးဇူ့ပြုအထောက်အပံ့ပေးလျက် ရှိနေပုံ
များကို၎င်း ဟောထားသည်မှာ လိုလေသေးမရှိ
ပြည့်စုံလှပေသည်။ ဤတရားများကို ရှေးခေတ်
ယခုခေတ်တို့၌ ဘုရားမှတစ်ပါး မည်သူမျှ မသိကြ
မဟောနိုင်ကြရာ ဘုရားရှင်၏ အတုမရှိသော
ဥာဏ်တော်ကြီးကို ဖေါ်ပြလျက်ရှိသည်။

"သုတ္တန်ဟောပုံ"

        အဘိဓမ္မာ၌ ပုဂ္ဂိုလ်မျက်နှာမလိုက် သဘာဝ
ဓမ္မရှိသမျှတို့ကို အတိအကျ အကုန်စုံအောင်
ဟောခဲ့သော်လည်း တရားကျင့်ရေးနှင့်စပ်သော
သုတ္တန်၌ တရားနာသူတို့၏ ဓါတ်ခံအလိုက် သိ
ထိုက်သော တရားတို့ကိုထုတ်ကာ သိလွယ် မြင်
လွယ် နာချင်ဖွယ် နှစ်သက်ဖွယ်ဖြစ်အောင် အ
နက်သဒ္ဒါ ဝေဝေဆာဆာနှင့် ဥပမာ စသည်တန်း
ဆာဆင်လျက် ဟောပြောတော်မူချက်မှာလည်း
တရားအလုံးစုံသိတော်မူသော ဥာဏ်တော်ရှင်
ဖြစ်ကြောင်း ထင်ရှားပါပေ၏။ ပရမတ် ပညတ်စုံ
အောင် အကုန်အစင်သိမြင်တော်မူပါပေသည်ဟု
အံ့သြချီးကျူးရပြန်သည်။ ဤသို့လျှင် ပိဋကတ်
ဖြင့် သဗ္ဗညုတဥာဏ်တော်ကို မှန်းဆပူဇော်ရပြန်
သည်။

             အရှင်သာရိပုတ္တရာ မထေရ်မြတ်သည်
လည်း ဘုရားရှင်အား အသိဥာဏ်အရာ၌ ဘုရား
ရှင်ထက် သာလွန်သော ပုဂ္ဂိုလ်မရှိကြောင်း ကြည်
ညိုပူဇော်တော်မူခဲ့သည်။ဤသမ္မာသမ္ဗုဂုဏ်တော်
မြတ်အား ဤမျှလောက်စကားစဉ်ဖြင့် ပူဇော်ရ
သည်မှ အားရဖွယ်ရာမရှိ အလွန်ကျယ်ဝန်းနက်
ရှိုင်းသော မြတ်ဗုဒ္ဓဂုဏ်တော်ပေါင်းအား ဤစာ
စကားစုမျှဖြင့်မက ကိုယ်ကျင့်တရားတော်ကြီးများ
ဖြင့်လည်း ဟောကြားတော်မူခဲ့သော တရားတော်
များကို လိုက်နာကျင့်သုံးလျက် ပူဇော်တော်မူနိုင်
ကြပါစေကြောင်း မေတ္တာဖြင့် တိုက်တွန်းနှိုးဆော်
လိုက်ရပါသတည်း။

                            
                                   #ငြိမ်းချမ်းပါစေ

No comments:

Post a Comment