Thursday, November 17, 2016

(စိနတိုင်း ခေါ် တရုပ်ပြည် အထက်လက်ဝဲ စွယ်တော်မြတ်သမိုင်း)

(စိနတိုင်း ခေါ် တရုပ်ပြည် အထက်လက်ဝဲ စွယ်တော်မြတ်သမိုင်း)

                   တေဇောဓါတ်လောင်ကျွမ်းပြီး ကြွင်း
ကျန်သော ဓါတ်တော်မွေတော်များကို ဝေခြမ်း
သော ဒေါနပုဏ္ဏားကြီးသည် အထက်လက်ဝဲစွယ်
တော်မြတ်ကို မိမိ၏ ကိုယ်ရုံ အဝတ်ကြား၌ ဝှက်
ထားရာ ဂန္ဓာရတိုင်း  ယခုပါက္ကစတန် တိုင်းသား
ရဟန်းတော်တစ်ပါးက မိမိပရိသတ်နှင့် ဝိုင်းရံပင့်
ဆောင်သွားပြီး ဦးစွာ စံပယ်ခဲ့သည်။
                     ထို့နောက် ပါကစ္စတန်နိုင်ငံ သိန္ဓမြစ်
ကမ်း ယခု တက္ကသီလာ Texila မြို့အနီးတွင်စေ
တီတည်ထား ကိုးကွယ် ခဲ့သည်။  တက္ကသီလာ
သည် အစ္စလမ္မာဘတ်မြို့တော်မှ အနောက်ဖက်
ကားဖြင့်သွားလျှင် တစ်နာရီကျော်ခန့်သာ သွား
ရပြီး ကိုးတိုင်းကိုးဋ္ဌာန သာသနာပြုစေလွှတ်ရာ
နယ်မြေအဖြစ်လည်းပါဝင်ခဲ့သည်။အိန္ဒိယနိုင်ငံ
ဗာရာဏသီမြို့နှင့် ယူဇနာ ၂၀၀ ကွာဝေးသည်။
                         ထို့နော် ဗုဒ္ဓမြတ်စွယ်တော်သည်
ယခုပါကစ္စတန်မှတစ်ဆင့် နယ်မြေချင်း ထိစပ်နေ
သော တရုပ်နိုင်ငံ ရှင်ကျန်းပြည်နယ် ဟေထရန်း
ခရိုင်ခိုတန်မြို့သို့ ရောက်ရှိခဲ့ပြီး တရုပ်တောင်
ပိုင်း Nan Chao နန် ချောင် မင်းဆက်ကာလ တ
ရုပ်ဘုန်းတော်ကြီး ဖာရှန်း (fa xian) အေဒီ
(424-498)က စွယ်တော်မြတ်အား ခိုတန်အရပ်
မှ တရုပ်တောင်ပိုင်း ချီမင်းဆက်မြို့တော်
နန်ကျင်းသို့ ပင့်ဆောင်ခဲ့သည်။
                      ၎င်းနောက် ဆွေမင်းဆက်လက်
ထက်တွင် တရုပ်တစ်နိုင်ငံလုံးအား စည်းရုံးသိမ်း
သွင်းပြီးနောက် ချန်အမ်း ယခု(ရှီးအမ်း Xian)သို့
ပင့်ဆောင်သွားသည်။
                        ထို့နောက် တရုပ်မင်းဆက်(5)
ဆက်ကာလ (10)ပြည်ထောင်စုခေတ်တွင် တရုပ်
အလယ်ပိုင်း ဒေသများမှာ တရုပ် ချောင်ထရယ်
မင်း လက်အောက်သို့ကျရောက်ခဲ့ပြီး စွယ်တော်
မြတ်မှာလည်း နေရာတစ်ခုမှ   တစ်ခုသို့ ရွေ့
ပြောင်းခဲ့ရသည်။ လျောင်မင်းဆက်လက်ထက်
တွင် yan jing ယန်ကျင်းမြို့ ယခု(Beijing)
ပေကျင်းမြို့သိုရောက်ရှိခဲ့သည်။
                          
                   လျောင်မင်းဆက်အကြောင်းရေး
သားထားသည့် မင်းဧကရာဇ် တောက်ကျုံး
(Emperor Dao Zong)၏ အတွဲ ၂၂ တွဲပါ မှတ်
တမ်းများ အရ ဗုဒ္ဓ စွယ်တော်မြတ်သည် ခရစ်
သက္ကရာဇ် ၁၀၇၁ ခုသြဂုတ်လတွင် ကျောင်းရှန်
(Zhao Xian) စေတီတွင် ကိန်းဝပ်စံပယ်ကြောင်း
သိရသည်။
                   
                 ၁၉၀၀ ပြည့်နှစ်တွင် ပြည်ပနိုင်ငံ ရှစ်
နိုင်ငံမှ ပူးပေါင်း၍ တရုပ်နိုင်ငံအား ကျူးကျော်
သိမ်းပိုက်ရာ ရှေးဟောင်းအမွေအနှစ်များစွာ ပျက်
စီးဆုံးရှုံးခဲ့သည်။ ကျောင်းရှန်စေတီနှင့် လင်ကွမ်း
ဘုရားကျောင်းတို့မှာ ဆင်ခြေဖုံး အရပ်တွင်တည်
ရှိသောကြောင့် အမြောက်ဒဏ် ဗုံးဒဏ် အနည်း
ငယ်သာ ခံခဲ့ရသည်။    ဘေးရန်များကင်းဝေးပြီး
နောက်ဘုန်းတော်ကြီးတို့စေတီတော်အားရှင်း
လင်းကြစဉ် စေတီတော်အောက်ခြေ မြေအောက်
မှ ကျောက်သားသေတ္တာတစ်လုံးကိုတွေ့ရပြီး၎င်း
ကျောက်သေတ္တာအတွင်းမှ စန္ဒကူးအသားဖြင့်ပြု
လုပ်ထားသော သေတ္တာတစ်လုံးကိုထပ်မံတွေ့ရှိ
ကြရာ သေတ္တာပေါ်တွင် အောက်ပါစာတမ်းကို
တွေ့ရှိရသည်။
                     စကြာမုနိဘုရားရှင်၏ အံ့ချီးဖွယ်ရာ
မြတ်စွယ်တော် -ရေးသားသူ ရှန်းဟွေ့(Shan Hwi) ၄ လပိုင်း ၂၃ ရက် တရုပ် ထရန်းဟွေ့နှစ်
(၇)"       တရုပ်ပြည်မြောက်ပိုင်း ဟန်မင်းဆက်
အသုံးပြုသော (၉၆၃)ခုနှစ်ဖြစ်သည်။

                         "Holy tooth-relic of the lord
Buddha Shakya Muni; written by Shan Hwi 'ob the twenty third day of the four
month 'of the seven year (Thihiu).
သေတ္တာပေါ်တွင်ရေးထိုးထားသည့် အမည်မှာ
တရုပ်မင်းဆက် ၅ ဆက်ကာလ အတွင်းဟန်မင်း
နယ်မှ တရုပ်ဘုန်းတော်ကြီးအမည်ဖြစ်ပါသည်။

                         ယခုဖေါ်ပြထားသောပုံတော်မှာ
ကရင်ပြည်နယ်ဘုရားသုံးဆူနယ်စပ်ဒေသမှ ဖူး
တွေ့ခဲ့ရသော စွယ်တော်မြတ်ဖြစ်ပါသည်။
                                      

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment