"မိဘ ကဲ့သို့ မေတ္တာပွါးပုံ"
" ဘမိနှစ်ဆူ မြရွှေဂူတို့သည် မိမိရင်နှစ်
သွေးရင်းဖြစ်သော သားသမီးရတနာကို မိမိအ
သက်ဖြင့်သော်ပင် အစဉ်မကွာ ကွယ်ကာစောင့်
ရှောက်ဘိသကဲ့သို့ ဤအတူလည်း အလုံးစုံသော
သတ္တဝါတို့၌ အတိုင်းအတာပမာဏမရှိသော
မေတ္တာစိတ်ကို အကြိမ်ကြိမ်အခါခါ ပွါးများရာ၏။"
ဤ၌ မိမိကိုယ်တိုင် ကိုးလလွယ်ကာ မွေး
လာခဲ့ရသောကြောင့်လည်းကောင်း အမြဲနီးနီး
ကပ်ကပ် ကိုယ်နှင့်မကွာ ယုယပိုက်ထွေး နို့ချို
တိုက်ကျွေးလျက် ပြုစုခဲ့ရသောကြောင့်လည်း
ကောင်း မိခင်၏ မေတ္တာစိတ်ကား သာလွန်ခဲ့၏။
မွေးစားသော သားများကိုလည်း မွေးစားမိဘတို့
မှာ အလွန်ချစ်တတ်၏။သို့သော် သားရင်းကို
ကားလွန်ကဲစွာ ချစ်ရှာပေလိမ့်မည်။
သားရင်းတွင် သားသမီးများသောမိခင်
မှာ ချစ်စရာတွေများသဖြင့် လွန်ကဲသောချစ်ခြင်း
ရှိနိုင်ဖို့ခဲယဉ်းသည်။တစ်ယောက်တည်းသော
သားရှိသော မိခင်မှာ သားတစ်ယောက်တည်းအ
ပေါ်တွင်စုပုံ၍ အသည်းနစ်အောင်ချစ်တတ်မြဲဖြစ်
ရာ လွန်ကဲသောမေတ္တာကို ယူလိုသောဤအရာ၌
တစ်ဦးတည်းသောသားအဖြစ်သို့ သို့ ရည်ညွန်း
ချက်ထားခြင်းဖြစ်သည်။
ဤမျှလောက် ချစ်အားပိုသည်ကို
အာယုဖြင့်သာပြသည်။ အသက်ဖြင့်ပင် စောင့်
ရှောက်သည်ဆိုရာ၌ အသက်ကိုစွန့်၍ပင်စောင့်
ရှောက်သည်ဟုဆိုလို၏။သို့သော် ဘခင်ဖြစ်သူ
တို့မှာလည်း အသက်ဖြင့်ပင် စောင့်ရှောက်သေး
ကြောင်းယူရမည်။ အခြားကိုခန္ဓာ ပစ္စည်းဥစ္စာဖြစ်
မူ ဆိုဖွယ်ရာမရှိပေ။
အချူပ်အားဖြင့် လိုရင်းကို ပြရသော်
တစ်ဦးတည်းသောမိမိရင်သွေးကို အသက်နှင့်လဲ
ကာ ကာကွယ်စောင့်ရှောက်တတ်သော မိခင်၏
မေတ္တာမျိုးကို သတ္တါအများအပေါ်မှာ မေတ္တာထား
ပွါးရမည်။ ထိုသို့ပွါးသောအခါ၌ အချို့ကိုအာရုံမပြု
ပဲ ချန်ထားခဲ့လျှင် အချို့သတ္တဝါအပေါ်သို့သာ
ရောက်၍ အတိုင်းအတာ အကန့်အသတ် ပရိမာ
ဏ ရှိသောမေတ္တာဟုသာဆိုရပေမည်။
ထိုကဲ့သို့မဟုတ်ပဲ မည်သူ့ကိုမျှချန်မ
ထား အားလုံးအာရုံပြုကာ အားလုံးအပေါ်မှာ
ရောက်သောမေတ္တာကို အပရိမာဏ အတိုင်းအ
ရှည်အကန့်အသတ်မရှိသောမေတ္တာဟု ဆိုသည်။
ထိုကဲ့သို့ အပရိမာဏ မေတ္တာမျိုး ပွါးရမည်ကို
အပရိမာဏံဖြင့်ပြသည်။ တစ်ယောက်တည်းအ
ပေါ်မှာပင် ဤအရပ်သာ ပိုင်းပွါးမည် ဤအရပ်ကို
ကားမပွါး ကိုယ်ခန္ဓာ၌ အပိုင်းအခြားပွါးလျှင် အ
တိုင်းအရှည် အကန့်အသတ်ရှိနေသောမေတ္တာ
ဖြစ်ပြန်သည်။ထိုသို့မဟုတ်ပဲ ထိုတစ်ယောက်အ
ပေါ်မှာပင် ဘယ်အရပ်ဘယ်အပိုင်းကိုမျှ မချန်
ထား အားလုံးအကြွင်းမဲ့အားဖြင့်ပွါးလျှင် အပရိမာ
ဏ ဟုပင်ဆိုရတော့သည်။
ထို့ကြောင့်"အပရိမာဏသတ္တာရမ္မဏဝသေန ဝါ
=အတိုင်းအတာ အကန့်အသတ်မရှိ သတ္တဝါအ
ကုန်လျှင် အာရုံရှိသည်၏ အစွမ်းဖြင့်လျှင် ပို၍ပိုမို
ဖြန့်ကျက်၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး
နှင့် စကြဝဠာကမ္ဘာလောက ရှိရှိသမျှအနန္တလော
ကဓါတ်အပေါင်း၌ ကျင်လည်ကျက်စား သွားလာ
နေကြကုန်သော သတ္တလောကသားအပေါင်း
တို့အား မေတ္တာဓါတ်တွေ ဖြန့်ဝေနိုင်ကြပါစေ"လို့
ဤလောက ငြိမ်းချမ်းသာယာစေကြောင်း ရေး
သားအပ်ပါသတည်း။
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment