Thursday, November 17, 2016

"အရဟံဂုဏ်တော်(၄)"

"အရဟံဂုဏ်တော်(၄)"

"ကိလေသာအပေါင်းကိုသတ်တတ်သောဂုဏ်
တော်မြတ်"

           အရဟံ၏ အခြားအနက်များလည်းရှိသေး
ရာ အရ+ဟံ/အရိ=ရန်သူ/ဟံ=သတ်တတ်သည်
အရိ-သဒ္ဒါနည်းအရ "အရ"ဖြစ်၏။ ဤတွင် ရန်သူ
ကား ကိလေသာများတည်း။ အကျိုးမဲ့ဒုက္ခကို
ဖန်တီးတတ်သောကြောင့်၎င်း တက်လမ်း၌ အ
နှောင့်အယှက်အတားအဆီးများဖြစ်သောကြောင့်
၎င်း ကိလေသာတို့ကား ရန်သူများဖြစ်ကြသည်။

               မင်းအဖြစ်ကို အလိုရှိသူသည် ရန်သူ
များကိုတွန်းလှန်နှိမ်နင်း၍ အောင်မြင်မှ မင်းအ
ဖြစ်သို့ရောက်ရ၏။ ဓမ္မရာဇာ တရားမင်းအဖြစ်ကို
အလိုရှိတော်မူသော ဗုဒ္ဓရှင်တော်မြတ်သည်
ကိလေသာရန်သူတို့ကို သတ်နိုင်ကြောင်း လက်
နက်ကောင်းရရန် အခြေခံပါရမီတို့ကို ဆည်းပူး
တော်မူလာခဲ့ရသည်။ ပါရမီ သမထ ဝိပဿနာ
လက်နက်များဖြင့်ဆက်ကာ ဆက်ကာ တိုက်ခဲ့ရာ
နောက်ဆုံး အရဟတ္တမဂ် လက်နက်တော်ပိုင်ကာ
ကိလေသာအားလုံးကို ခြေမှုန်းအောင်မြင်တော်မူ
ခဲ့၍ အရဟံဘွဲ့တော်ခံကာ ဓမ္မရာဇာ တရားမင်း
အဖြစ်သို့ရောက်တော်မူခဲ့သည်။

               အရဟံ၏ အနက်တစ်မျိုးကို တစ်နည်း
အားဖြင့်ဖွင့်ဆိုရပြန်သော် အရ=အကန့်တို့ကို
ဟံ=ဖျက်ဆီးတတ်သည်ဟု ဆိုနိုင်ပြန်ရာ အကန့်
ဟူသည်မှာ ကုသိုလ် အကုသိုလ် သင်္ခါရကိုဆို
သည်။ ထိုသင်္ခါရရှိလျှင် ဇာတိ=ပဋိသန္ဓေရှိ၍ ဇရာ
မရဏဖြင့် တစ်ဘဝအဆုံးသတ်မြဲတည်း။ထို့
ကြောင့် ပဋိစ္စသမုပ္ပါဒ်အရ ဘဝကိုစက်ဝိုင်းအနေ
ဆင်သောအခါ သင်္ခါရများကို ထောင့် အကန့်များ
ဟု၎င်း ဇရာ မရဏကို အနားအကွပ်ဟု၎င်းဆို၏။

               သင်္ခါဖြစ်ရန် အဝိဇ္ဇာ=မသိမှု နှင့် တဏှာ
=တပ်မက်မှုတို့မှာ အကြောင်းဖြစ်ရာ ထိုတရားနှစ်
ပါးတို့ကို သင်္ခါရအကန့်များ အခြေခံရာ
ပုန်းတောင်းခေါ် အချက်အဖြစ်ဆိုရပြန်သည်။
စက်ဝိုင်း အလယ်က အကန့်တွေကို ဖျက်ဆီး
လိုက်လျှင် အကွပ်တို့ ချက်တို့မှာ အသုံးမဝင်
မလည်နိုင်တော့ပေ။ သင်္ခါရအကန့်တို့ကို ဖျက်
ဆီးတော်မူသည်ဆိုသဖြင့် ဘဝ၌ ဒုက္ခစက်လည်
မှုကို ပယ်ရှင်းပြီးဖြစ်တော်မူသည်ဟု ဆိုလို၏။
ဤဂုဏ်လည်း အရဟတ္တမဂ်ဖြင့် ကိလေသာတို့
ကို ပယ်နိုင်မှုကြောင့် ရအပ်တော်မူသော အရဟံ
ဂုဏ်တော်ထူးပင် ဖြစ်ပေသည်။

                                #ငြိမ်းချမ်းပါစေ

No comments:

Post a Comment