'အရဟံဂုဏ်တော်(၃)"
"အမြဲပူဇော်ခြင်းကိုခံတော်မူထိုက်သောမြတ်ဗုဒ္ဓ"
ဗုဒ္ဓရှင်တော်မြတ်ကား သုမေဓါရှင်ရသေ့
ဖြစ်စဉ် နိယတ ဗျာဒိပ်ပန်း ဆင်မြန်းတော်မူသော
အခါကပင် လူအများ၏ ထူးခြားသော ပူဇော်မှုကို
ခံခဲ့ရ၏။ ထို့နောက် ပါရမီတွေကိုဖြည့်သောအ
လောင်းတော်ဘဝ၌လည်း ပူဇော်ခံခဲ့ရသည်။
ပါရမီမှာ မြင့်မြတ်သူလူရည်ချွန်တို့၏ လုပ်ငန်း
ဖြစ်ရာ ထိုလုပ်ငန်းရှင် အလောင်းတော်မှာ ဘဝ
ပေါင်းများစွာပင် အပူဇော်ခံခဲ့ရခြင်းဖြစ်၏။
တိရစ္ဆာန်ဖြစ်ခဲ့ရသောဘဝမှာလည်း ထူး
ထူးခြားခြား အပူဇော်ခံခဲ့ရသည်မှာလည်းအထင်
အရှား သာဓကများရှိခဲ့သည်။ ပဋိသန္ဓေနေသော
အခါ နတ်များကစောင့်ရှောာက်ခြင်းဖြင့်ပူဇော်ကြ
သည်။ ဖွါးမြင်တော်မူသောအခါ နတ်များသာမက
ရဟန္တာဗြဟ္မာကြီးများပင် လာရောက်ပူဇော်ကြ
သည်။ ကာဠဒေဝီလ ရသေ့မှာ သုဒ္ဓေါဒနမင်းကြီး
၏ ဆရာဖြစ်သည်။နတ်ပြည်သို့ကြွရောက်ခိုက်
နတ်တွေ မြူပျော်ကခုန်နေကြသည်ကို တွေ့ရ၍
အကြောင်းကိုမေးသောအခါ အလောင်းတော်
မွေးဖွါးကြောင်းသိရ၏။
ထို့ကြောင့် သုဒ္ဓေါဒနမင်းကြီး၏ နန်း
တော်သို့ကြွတော်မူကာ အလောင်းတော်ကလေး
ကို တွေ့လိုကြောင်း အမိန့်ရှိသဖြင့် အလောင်း
တော်ကလေးကိုပြရင်း ရှိခိုးခိုင်းရာ ရသေ့ကြီး၏
ဦးခေါင်းပေါ်သို့ အလောင်းတော်၏ ခြေမှာ အစုံ
ပျံတက်လျက်ရောက်ရှိသွား၏။ဤအံ့ဖွယ်ကိုမြင်
ရသောအခါ ရသေ့ကြီးကရှိခိုးဦးချခဲ့သည်။သုဒ္ဓေါ
ဒနမင်းကြီးကလည်း သားတော်လေးကိုရှိခိုးလေ
သည်။
လယ်ထွန်မင်္ဂလာပြုစဉ် အထိန်းတော်
များက သပြေပင်ရင်း၌ အလောင်းတော်ကိုသိပ်
ထားကြကာ လယ်ထွန်မင်္ဂလာကိုကြည့်နေကြ၏။
အလောင်းတော်ကလေးကား တင်ပလ္လင်ခွေကာ
ပဋ္ဌမဈာန်ဝင်စားနေ၏။နေစောင်းသွားသော်
လည်း သပြေပင်ရိပ်မှာ ပြောင်းရွေ့မသွားပဲ
အလောင်းတော်ကို နေပူမှကာမြဲကာလျက်ရှိနေ
၏။ အထိန်းတော်များက သတိရ၍ပြန်လာကြ
သောအခါ ထိုအံ့ဖွယ်ကိုမြင်ရ၍ မင်းကြီးအား
သံတော်ဦးတင်ကြသည်။ မင်းကြီးလည်း ထိုအခါ
ဒုတိယအကြိမ် သားတော်လေးကိုရှိခိုးပြန်သည်။
ဘုရားမဖြစ်မီကပင် လူ နတ်တို့၏ အပူ
ဇော်ကိုခံတော်မူခဲ့ရသော ရှင်တော်မြတ်ကား
ဘုရားဖြစ်သောအခါ ဆိုဖွယ်ရာမရှိတောါပြီ။ ထို
ခေတ်က အပူဇော်ကိုခံနေရသော လူတို့မင်း
လူဆရာ ပဏ္ဍိတ်တွေသာမက နတ်ဗြဟ္မာများက
ပူဇော်သည်ကိုပင် ထူးထူးခြားခြား ခံခဲ့ရသည်ဖြစ်
ရာ အပူဇော်ခံရသူတို့တွင် အထဋ်အထိပ်သို့
ရောက်ခဲ့ရပေတော့သည်။
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment