Thursday, November 17, 2016

"သင့်လျော်သောအရပ်"

"သင့်လျော်သောအရပ်"

         "ငရဲ တိရစ္ဆာ ပြိတ္တာတို့ခွင် အသညသတ်
လူရိုင်းရပ်ဟု အယူမှားဘိ ဥာဏ်မရှိနှင့် မုနိမပွင့်
မဂ်ရခွင့် မသင့်ခါရှစ်မျိုး"

           "အကြင်အရပ်၌ မြတ်နိုးသူမရှိ 'အသက်
မွေးဝမ်းကျောင်းအလုပ်မရှိ' ဆွေမျိုးမိတ်ဆွေမရှိ'
ပညာရခြင်းမရှိ' ထိုအရပ်ကိုခွါရှောင်ရမည်"ဟုဆို
ကြ၏။

              "ဥစ္စာရှိသူ'ဝေဒကျမ်းတတ်ဆရာ'မင်း'
မြစ်'ဆေးဆရာမရှိရာအရပ်၌ မနေရ"ဟု၎င်း တ
ဖန်" အသက်မွေးဝမ်းကျောင်းမှုကြောက်တတ်
ခြင်း ရှက်တတ်ခြင်း သိကြားလိမ္မာခြင်း စွန့်ကြဲ
ပေးကမ်းခြင်း ဤငါးပါးမရှိရာအရပ်၌ မနေရ"ဟု
၎င်း "ကြွေးပေးသူ 'ဆေးဆရာ' ဝေဒကျမ်းတတ်'
မြစ်'ဤလေးပါးမရှိရာမနေအပ်"ဟု၎င်းဆိုကြ၏။
အားလုံးခြုံငုံကြည့်လျှင် ဆိုခဲ့ပြီး စီးပွါးရေး ပညာ
ရေး ကျန်းမာရေး ချမ်းသာရေးမရှိသောအရပ်၌
မနေရဟုဆိုခြင်းပင်ဖြစ်သည်။

             ပညာရေး ကျန်းမာရေး အေးချမ်းသာ
ယာရေး စသည်တို့၌ သင့်'မသင့်အရပ်များလည်း
ရှိ၍ အရေးအရာလိုက်ကာ နေအပ်မနေအပ်
အရပ်ဖြစ်ရသည်။မိမိအလုပ်အကိုင်နှင့်မလျော်
သောအရပ်မှာ စီးပွါးရေးအတွက် မသင့်လျော်
သောအရပ်တည်း။ကျောင်းမရှိ ဆရာမရှိသော
အရပ်ဆိုလျှင် ပညာရေးအတွက်မနေအပ်သော
အရပ်ဖြစ်၏။ ရာသီဥတုဆိုးဝါးခြင်း ဆေးဆရာ
မရှိခြင်း စသည်ဖြင့်ကျန်းမာရေးအတွက်မနေအပ်
အရပ်လည်းရှိ၏။လူဆိုးသူဆိုးပေါများသောအရပ်
မှာလည်း အေးချမ်းသာယာမှုမရှိတတ်၍ မနေ
အပ်။ထို့ကြောင့် သာသနာထွန်းကား၍ ပညာ
ဥစ္စာကျန်းမာရေးစသည် မဆုတ်ယုတ်တိုးတက်
ကြီးပွါး ထွန်းကားသောအရပ်မှာ လောကရေး
ဓမ္မရေးအတွက်လည်း သင့်လျော်သောအရပ်ဖြစ်
ရလေတော့၏။

               သို့သော် မိမိက သင့်လျော်သောအရပ်
၌ နေရသော်လည်း ရထိုက်သောအကျိုးကိုမရ
ခြင်းမှာ မင်္ဂလာမမည်။ အကြင်သူသည် သာသနာ
လည်းထွန်းလင်းခြင်းရှိ၍ လောကရေးဖက်က
လည်း အဆင်ပြေလှသော ဒေသ၌ နေရလျက်
မိမိက ဆိုးမိုက်ပေတေနေသဖြင့် လောကဖက်မှ
လည်း ဘာမျှအမြတ်မထွက် ဓမ္မဖက်မှလည်း
ဘာမျှ အသားမတက်လျှင် ထိုသူအဖို့ကား သင့်
လျော်သောအရပ်ဒေသ၌ နေရသော်လည်း မိမိ
အတွက် အကျိုးမဲ့ဖြစ်စေသည်သာဖြစ်၍ ဘုရား
မြတ်သာသနာနှင့်ကြုံလာ ခေတ်ကောင်းအခါ
ကောင်း၌ တရားအလုပ်ကြိုးစားအားထုတ်သင့်ပါ
ကြောင်း ရေးသားအပ်ပါသတည်း။

                               
                                   #ငြိမ်းချမ်းပါစေ

No comments:

Post a Comment