Thursday, November 17, 2016

ဆန္ဒမွန်

"ဆန္ဒမွန်"
    
        စာရေးသူအနေဖြင့် တတ်စွမ်းသမျှ
မြတ်ဗုဒ္ဓဟောကြားထားသော ဓမ္မဆိုင်ရာ စာပေ
များမှလည်းကောင်း အခြားဗဟုသုတများဆိုင်ရာ
စာပေများမှလည်းကောင်း အချို့အကြောင်းအရာ
များမှာ လူတိုင်းသိသင့်သိထိုက်သော တရား
ကောင်းများဖြစ်ပါက copy ကူး၍လည်းကောင်း
ဓမ္မနှင့် သုတဆိုင်ရာစာပေများကိုဖြန့်ဝေပေးပါ
သည်။
            အထူးသဖြင့် ဓမ္မဆိုင်ရာစာပေများ၌
ဘုရားရှင်ဟောကြားချက်များချည်းသာဖြစ်ရကား
ရတနာသုံးပါးကို ကြည်ညိုလေးမြတ်သူတိုင်း
တတ်စွမ်းသမျှ လေးစားလိုက်နာ ကျင့်ကြံကြ
မည်သာ။ ယခုခေတ် သံဃာတော်အရှင်မြတ်များ
ဟောကြားချက်များမှာ ဘုရားရှင်ဟောကြားချက်
များကို အခြေတည်လျက် ဟောကြားရသည်
ချည်းပင်။
              သို့ဖြစ်လျှင် ဝေနေယျသတ္တဝါအပေါင်း
တို့အတွက် မြတ်ဗုဒ္ဓဟောတော်မူသောတရား
တော်များမှာ ယခုခေတ် သီချင်း ရုပ်ရှင် ဗွီဒီယို
များကဲ့သို့ မူပိုင်ခွင့်လုပ်ရပါသလား?ဟုမေးချင်
ပါသည်။ ကော်ပီလုပ်ခြင်း ရှယ်ခြင်း သင့်ရာဆိုင်
ရာ အနှစ်ထုတ်လျက် ဖေါ်ပြခြင်းများ၌ ငါရေး
ငါ့မူ မရှိ မြတ်ဗုဒ္ဓဟောကြားချက်များကို ကြည်ညို
သည့်အားလျော်စွာ ဖေါ်ပြပေးခြင်းမှာ တရားမျှတ
မှုရှိသည်ဟု ယုံကြည်ပါသည်။
           ယနေ့ခေတ် ဗုဒ္ဓဆိုင်ရာ ဓမ္မစာပေများ
ရေးသားသူ ဟောသူများမှာ မူလအစ တရားဓမ္မ
ရှာဖွေ သိနားလည်သူတစ်ယေက်မှမရှိ ဘုရား
ရှင် ကိုယ်တော်တိုင် သိအောင်အားထုတ်တော်
မူလျက်ရှာဖွေ ဟောကြားပေးခဲ့သော တရားတော်
များသာတည်း။ သို့ဖြစ်၍ တရားမင်းပိုင်ရှင်
ဖြစ်တော်မူသော ဟောကြားချက် များကို ငါရေး
၍ ငါပိုင်သည်ဟု ရှိပါသလား ထိုသို့ ကိုယ်ရေး
လျက်ကိုယ်ပိုင်လျှင် ထိုသူကိုယ်တိုင် သဗ္ဗညုတ
ဥာဏ်ရှင်လား?ဟုမေးရမည်သာ။
               သို့ဖြစ်၍ ဗုဒ္ဓဆိုင်ရာဓမ္မစာပေများ ဗုဒ္ဓ
ဟောကြားချက်များကို မည်သူမဆို share copy
များလုပ်၍ ဖြန့်ဝေကြလျှင် တရားသိသူများလာ
လျက် လောကဓါတ်တစ်ခုလုံး ငြိမ်းချမ်းသာယာ
ကြမည်သာ။

                             
                                #ငြိမ်းချမ်းပါစေ

No comments:

Post a Comment