Thursday, November 17, 2016

"စကားအရာ အင်္ဂါလေးဖြာ"

"စကားအရာ အင်္ဂါလေးဖြာ"

(၁)သုဘာသိတ=ကောင်းသောစကား
(၂)ဓမ္မ=တရားသောစကား
(၃)ပိယ=ချစ်ဖွယ်သောစကား
(၄)သစ္စ=အမှန်စကား

             အချင်းချင်းမတဲ့အောင် ရန်တိုက်ပေး
သော ပိသုဏဝါစာကို မပြောဆိုပဲ ကွဲပြားသူများညီ
ညွတ်အောင် ပြောဆိုသောစကားမှာ သုဘာသိတ
ဟုဆိုပြီး  သမ္ဖပ္ပလာပ=အနက်အဓိပ္ပါယ်ကင်းမဲ့
သော စကားအဖျင်းကို မဆိုပဲ ရှောင်ရှားလျက်
အဖြစ်အပျက် အကြောင်းအရာမှန် သဘာဝအမှန်
ကို ပြောဆိုခြင်းကား ဓမ္မဖြစ်သည်။ ဖရုသဝါစာ=
ဆဲရေးမောင်းမဲ ကျိန်ဆဲခြင်းစသော ကြမ်းတမ်း
သောစကားကို မဆိုပဲ သာယာပြေပြစ် နှစ်လိုဖွယ်
ပြောဆိုသောစကားမှာ ပိယ=ချစ်ဖွယ်သောစ
ကား ဖြစ်၏။ မုသာဝါဒ=လိမ်လည်သော စကားကို
မဆိုပဲ အမှန်အတိုင်းပြောခြင်းမှာ သစ္စာပင်တည်း။
    
          ကောင်းသောစကားကို ဆိုခြင်းမှာ ဝစီဒုစ
ရိုက်လေးပါးမှ ရှောင်ရှားခြင်းဖြစ်ရာ တရားဟော
ခြင်းသာမက လောကအရေး၌ အများအကျိုးရှိ
အောင် နည်းညွန်နိုင်သော ပညာရှင်ပုဂ္ဂိုလ်တို့၏
ဟောပြောချက်များမှာလည်း ကောင်းသော=သု
ဘာသိတဝါစာ ဖြစ်၍ နာယူမှတ်သားသင့်သည်။

          ယခုခေတ်အခါ၌ စကားကောင်းဆိုနိုင်သူ
ကားရှားလှ၏။ နိုင်ငံရေး လူမျိုးရေး စစ်ရေးတို့၌
လည်းကောင်း ဘာသာအယူဝါဒအရလည်း
ကောင်း ညီညွတ်မျှတခြင်းမရှိ ငြင်းခုံခိုက်ရန်ပွါး
ကြလျက်ရှိရာ လောကကြီးကောင်းစားအောင်
အစဉ်တစိုက် ကြိုးပမ်းအားထုတ်ရာ၌ အောင်မြင်
မှု ရသင့်သလောက်မရနိုင်ပဲ နှောင့်နှေးကြန့်ကြာ
လျက်ရှိရ၏။
          
           ထိုသို့ကွဲပြားခြားနားသော နိုင်ငံရေး လူမျိုး
ရေးပင်မဆိုထားဘိ ဗုဒ္ဓဘာသာဝင်များအချင်း
ချင်းပင် ကိုယ်လိုရာ အယူအဆတို့ကိုစွဲကိုင်လျက်
ငြင်းခုန်ကြခြင်းပင်ဖြစ်ကြလေရာ နောင်အခါ
ဗုဒ္ဓသာသနာတော်တည်တံ့ပြန့်ပွားရေးအနာဂါတ်
သာသနာတော်အတွက် ရင်လေးစရာပင်။

             ကောင်းမြတ်သော စကားကောင်းတို့ကို
ဆိုခြင်းအားဖြင့် ခေါင်းဆောင်အကြီးအမှုးဖြစ်နိုင်
့ခြင်း သူတစ်ပါးကို လမ်းမှားလမ်းမှန် ဝေဖန်ပြနိုင်
၍ အများအကျိုးဆောင်သူဖြစ်ရခြင်း အများ၏ချစ်
ခင်ကြည်ညို ရိုသေလေးစားခြင်းကို ခံရခြင်း
စသည်ဖြင့် အကျိုးများလှ၏။ ထိုသို့စကားကောင်း
ပြောဆိုရာ၌ ပဋိသန္ဓေပါ သဘာဝအကောင်းရှိသူ
များမှာ အထူးမကြိုးစားရပဲ အောင်မြင်မှုရရှိကြ၏
ပင်ကိုယ်ကောင်း မဟုတ်သူများမှာလည်း သတိ
တရားထား၍ အထူးကြိုးစားပေးခြင်းအားဖြင့်
လည်းကောင်း ဖေါ်ပြပါ စကားအရာအင်္ဂါလေးဖြာ
ဖြင့်ပြည့်စုံအောင် ပြောဆိုဆောင်ရွက်ရခြင်းအား
ဖြင့် လောကကောင်းကျိုး အများကောင်းကျိုးကို
ဆောင်ရွက်အားထုတ်နိုင်သော ခေါင်းဆောင်
ကောင်းများဖြစ်ကြပါစေ။
                            
                                #ငြိမ်းချမ်းပါစေ

No comments:

Post a Comment