Thursday, November 17, 2016

"မြတ်သောနေခြင်း"

"မြတ်သောနေခြင်း"

        "ရပ်လျက်သော်၎င်း သွားလျက်သော်၎င်း
ထိုင်လျက်သော်၎င်း အိပ်လျက်သော်၎င်း အကြင်
မျှလောက် ကင်းသော အိပ်ချင်ငိုက်မြည်းခြင်းရှိ
သည် ဖြစ်ရာ၏။ ငိုက်မြည်းခြင်းကင်း ထိုအချိန်
အတွင်း၌ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို စွဲမြဲ
စွာဆောက်တည်ရာ၏။ ဤဘုရားသာသနာတော်
၌ ဤမေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို ထူးမြတ်
သောနေခြင်းမျိုးဟူ၍ မြတ်ဘုရားတို့ဟောကြား
တော်မူကုန်ပြီ။"

          ဤသို့မေတ္တာဘာဝနာပွါးစေပုံကိုဟော
ကြားရာ၌ ထိုမေတ္တာဘာဝနာပွါးသူ ပုဂ္ဂိုလ်အဖို့
အချို့ကမ္မဋ္ဌာန်းများကဲ့သို့ ဣရိယာပုတ်သတ်မှတ်
ချက်မရှိ မိမိလိုရာ ဣရိယာပုတ်မျိုးဖြင့် ပွါးများနိုင်
သည်၏ အဖြစ်ကိုပြ၍ မေတ္တာဖြင့်နေခြင်းကို ချီး
ကျူးတော်မူခဲ့သည်။

             မည်သည့်ဣရိယာပုတ်ဖြင့် ပွါးသည်ဖြစ်
စေ အိပ်ချင်လျှင် ဘာဝနာ၌ သမာဓိရမည်မဟုတ်
ထို့ကြောင့် ဘယ်ဣရိယာပုတ်ဖြင့်ဖြစ်စေ အိပ်ချင်
့ခြင်းကင်းနေသော အခါဖြစ်လျှင် ထိုမေတ္တာသ
တိ ဆောက်တည်ပါဟူ၍ ဟောတော်မူ၏။

            မည်သည့်ကမ္မဋ္ဌာန်းကိုမဆို သမာဓိအား
မကောင်းသေးခင် အိပ်ချင်ခြင်း ငိုက်မြည်းခြင်း
များ ဖြစ်လာတတ်မြဲတည်း။သမာဓိအားကောင်း၍
နိုင်နင်းလာသောအခါ အိပ်ချင်ခြင်းငိုက်မြည်ခြင်း
မရှိတော့ပဲ အလွန်ကြည်လင်စွာပွါးနိုင်တော့
သည်။

            ဤ ဗြဟ္မဝိဟာရ မြတ်သောနေခြင်း
မေတ္တာဘာဝနာအကျင့်၌ မြတ်သောကြောင့်၎င်း
ဒေါသမရှိသောကြောင့်၎င်း ဗြဟ္မဟုဟောတော်မူ
ခြင်းဖြစ်သည်။မေတ္တာဘာဝနာမှတစ်ပါး အခြား
ကမ္မဋ္ဌာန်းတို့သည် ကိုယ်ကျိုးအတွက် သက်သက်
ဖြစ်သော အကျင့်များဖြစ်၏။

                 သတ္တဝါတွေချမ်းသာပါစေဟု ပွါးသော
ဤမေတ္တာမှာ အများသတ္တဝါတို့၏ အကျိုးကိုပြု
ကျင့်ခြင်းပင်တည်း။ထိုသို့  အများအကျိုးပြုကျင့်
သောကြောင့်ပင် မေတ္တာဖြင့်နေခြင်းကို ဗြဟ္မဝိ
ဟာရ မြတ်သောနေခြင်းဟုဆိုရတော့သည်။

              ထို့ပြင် နီဝရဏ ကွာပြီးသော ဗြဟ္မာကြီး
များ၏ ဒေါသအမြဲကင်းစင်လျက်သာရှိ၏။ထို့အ
တူ မေတ္တာဖြင့်နေသော ယောဂီများလည်း ဗြဟ္မာ
ကြီးများနှင့်တူစွာ ဒေါသကင်းကွာလျက် နေကြ
သည်သာဖြစ်၍ ဒေါသမရှိသော ဗြဟ္မဝိဟာရမြတ်
သောနေခြင်းဖြစ်ကြောင်း ဘုရားရှင်ဟောတော်
မူပါသတည်း။

                              
                                   #ငြိမ်းချမ်းပါစေ

No comments:

Post a Comment