"အရဟံဂုဏ်တော်(၂)"
"ဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်တို့ကွာခြားပုံ"
ဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်တို့ကား
ကိလေသာ ပယ်ခွါရာ၌သာ ကွားခြားသည်မဟုတ်
သေး အရဟတ္တမဂ်ကြောင့် ရအပ်သောအကျိုး
ဂုဏ်များ၌လည်းကွားခြားသည်သာ။အချို့ပါရမီ
ထူးချွန်သော ရဟန္တာအရှင်များ၌ အရဟတ္တဖိုလ်
ရသည်နှင့်တစ်ပြိုင်နက် ပဋိသမ္ဘိဒါ အဘိညာဉ်
သမာပတ်စသော ဥာဏ်တန်ခိုးများပါ တစ်ပါ
တည်း ရတော်မူကြ၏။ထိုအသိတန်ခိုးများကား
တစ်စိတ်တစ်ဒေသသာသိသော အကန့်အသတ်
ရှိသော တန်ခိုးများသာတည်း။
ဘုရားရှင်ကား အရဟတ္တဖိုလ်ရပြီးသည်
နှင့်တစ်ပြိုင်နက် တရားအကုန်သိသော
သဗ္ဗညုတ ဥာဏ်တော်ကြီးကိုပါရခဲ့၏။ အခြား
အာသယာနုသယဥာဏ်=အတွင်းဓါတ်ခံက်လေ
သာ အငုပ်ဓါတ်တို့ကိုသိသောဥာဏ် စသော
တစ်ပါးသူနှင့်မဆိုင် ဘုရားရှင်များသာရနိုင်သော
ဥာဏ်တော်များကိုလည်း ရခဲ့၏။ ဘုရားရှင်များ
သာရနိုင်သော "အာဝေဏိက"ခေါ် သီးခြားဂုဏ်
တော်များလည်း ရခဲ့၏။ တန်ခိုးအရာ၌လည်း
အကန့်အသတ်မရှိ အဆုံးမရှိအောင် သိနိုင်
မြင်နိုင်သည်မှာ ဘယ်သူမှတုမရသော အစွမ်း
များပင်တည်း။
ကိလေသာကင်း သန့်ရှင်းကြည်လင်
သောကြောင့်ပင် ပင်ကိုယ်က ရွှေအဆင်းကဲ့သို့
ဝါဝင်းသောကိုယ်တော်မှ ဝါရွှေသော ရောင်ခြည်
တော်များကွန့်မြူးလျက်ရှိသည့်အပြင် ထိုထိုအ
ရပ်မှ ညို နီ ဖြူလျက် ပြိုးပြိုးပြက်ပြက် တစ်ခဲ
နက်သော ရောင်ခြည်တော်များ အပြိုင်အဆိုင်
မြိုင်မြိုင်ကြီးကွန့်မြူးလျက် နှစ်သက်ကြည်ညို
ဖွယ် ဖြစ်နေသည်မှာလည်း အခြားသောပုဂ္ဂိုလ်
များထက် ထူးခြားသောကျက်သရေပင်ဖြစ်ပေ
သည်။
ထို့ကြောင့် လက်ထက်တော်အခါက မျက်
မြင်ကိုယ်တွေ့ ပုဂ္ဂိုလ်များ၏ "အတုလ=အတုမဲ့
ပုဂ္ဂိုပါပေ" ဟူသောချီးကျူးသံမှာ ယနေ့တိုင်ပဲ့
တင်ခတ်လျက် ရှိပေ၏။ မှန်းဆထောက်ထား
ဖွယ်ရာ ဓမ္မများအရလည်းကောင်း သာသနာဝင်
အရ၎င်း ယခုခေတ်ပညာရှင်များလည်းချီးကျူး
ကြ၍ ပဲ့တင်ခတ်မြဲ ခတ်လျက်ရှိရာ "ပညာရှ်အ
တွေး ပြေးကြည့်သည့်ထက်မှန်" ဆိုသောစကား
အရ ရှင်တော်မြတ်ဗုဒ္ဓ၏ အရဟံဂုဏ်တော်ထိုက်
ကြောင်း ဂုဏ်အပေါင်းမှာ ယုံမှားဖွယ်မရှိတော့
သည်သာတည်း။
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment