Thursday, November 17, 2016

"အက္ခောဘဏီ သေနင်္ဂဗျူဟာ စစ်တပ်လက္ခဏာ"

"အက္ခောဘဏီ သေနင်္ဂဗျူဟာ စစ်တပ်လက္ခဏာ"

(၁)သီဟိုဠ်ကျွန်း ဒုဋ္ဌဂါမဏိမင်းလက်ထက် ကျေး
ကုလားတို့ကိုစစ်ချီရာ အက္ခောဘဏီတပ်မှာ
မဟာဝင်ဋီကာအရ  တိုက်ဆင် တစ်ကုဋေ ရထား
ဆယ်ကုဋေ  မြင်းပေါင်းကုဋေတစ်ရာ လေးပစ်
လေးဆွဲ သူရဲ ကုဋေနှစ်ရာ စစ်သည် ကုဋေတစ်
သောင်းလေးထောင် စုစုပေါင်း တစ်သောင်းလေး
ထောင်သုံးရာတစ်ဆယ့်တစ်ကုဋေရှိသည်။

(၂)ဘုရားအလောင်းတော် မဟောသဓာသတို့
သား စစ်ချီတက်ရာ၌ အက္ခောဘဏီ စစ်တပ်
သည် ဝါးလုံးခြောက်ဆယ်တစ်စည်းကိုချထားရာ
စစ်အင်္ဂါလေးပါးတို့ နင်းသွား၍ မြူမှုန်ဖြစ်ပြန်လျှင်
တစ်ဖန် ဝါးခြောက်ဆယ်တစ်စည်းကို ချပြန်၏
ဤသို့နင်းသွားခြင်းဖြင့် ဝါးအလုံးခြောက်ဆယ်
စည်းပေါင်း ခြောက်ဆယ်မြူမှုန်ဖြစ်အောင် များ
ပြားသော စစ်အင်္ဂါလေးပါ အရေအတွက်ကိုဆို၏။

(၃)ကျစွာမင်းလက်ထက် အက္ခောဘဏီ ယူဆပုံ
မှာ ဆင်ပေါက်ကြီး ကိုးထောင် ရထားကိုးသိန်း
မြင်းကိုးကုဋေ ခြေသည်သူရဲ ကုဋေကိုးရာ သမီး
ကညာ ကုဋေကိုးသောင်း မိန်းမ ကုဋေကိုးသိန်း
ဤအရေအတွက်ကို အက္ခောဘဏီဟု ဆိုထား
သည်။

(၄)အမရကောသ အဘိဓါန်ဋီကာ တို၌ကား
ဆင် ၂၃၈၇၀  ရထား ၂၁၈၇၀ မြင်း ၆၅၆၁၀
ခြေသည်တော် ၁၀၉၃၅၀ ပေါင်း ၂၁၈၇၀၀သည်
အက္ခောဘဏီ သေနင်္ဂဗျူဟာဟု သတ်မှတ်ထား
ကြသည်။
                 မှတ်သားမိသလောက်ဖေါ်ပြခြင်းသာ
                           

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment