"ဆရာဇော်ဂျီရဲ့ ထလော့မြန်မာ"ကဗျာ
ထလော့မြန်မာ အိုမြန်မာတို့
ဒို့ရွာဒို့မြေ ဒို့ရွာမြေဝယ်
စေတီစပါး များလည်းများ၏။
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကသာ ကာလကြာလျှင်
ရာဇာ့ကာမျိုး တညိုးညိုးနှင့်
စေတီမြင့်ဟောင်း ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက် မစားလေရဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
ဒို့ရွာဒို့မြေ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပြား များလည်းများ၏။
များလေဘိလည်း တမွဲမွဲနှင့်
ဆင်းရဲကသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
လောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျော့လုံ့လ
ကိုယ်ကစ၍ ငါကအားလုံး
လက်ရုံးများမြောင် ဥာဏ်များမြောင်နှင့်
ဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤသာသနာဟာ ဘယ်သူ့သာသနာလဲ
ထလော့တာဝန် ကျေလော့လုပ်ငန်း
ဥာဏ်ရှေ့မှန်းလျက် တဝမ်းတစိတ်
ညီစေသတည်း။
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment