"မေတ္တာကို ပွါးအောင်ပြုပုံ"
"အထက်လောက အရူပဘဝတို့
၌လည်းကောင်း အောက်ပြည်လောက
ကာမဘဝတို့၌လည်းကောင်း အလယ်
လောက ရူပဘဝ၌လည်းကောင်း အ
လုံးစုံသောလောက၌ အတိုင်းအတာ
ပမာဏမရှိသော မေတ္တာနှင့်ယှဉ်သော
စိတ်ကို အပိုင်းအခြားကင်း ကျဉ်း
မြောင်းခြင်းမရှိသည်ကို။ဒေါသဟူဘိ
အတွင်းရန်လည်းမရှိသည်ကို နှိပ်စက်
ရန်မူ အပရန်သူလည်း မရှိသည်ကို
ပြု၍ ပွါးများရာ၏"။
မေတ္တာဘာဝနာ၌ အတိုင်းအ
တာပမာဏမရှိ ပွါးရမည်ဖြစ်ရာ အလုံး
စုံနှံ့အောင် ပွါးရမည်ကိုဆိုလိုသည်။
ထို့ကြောင့်မေတ္တာကို တစ်လောကလုံး
သို့ဖြန့်ဝေကာ ပွါးရမည်။
ဤ၌ သဗ္ဗလောကအရပြလို၍
အထက်ဘဝဂ်အထိ အောက်အဝီစိအ
ထိ ကျန်အလယ်ဒေသကိုယူ ဟူ၍
ဖွင့်ဆိုခြင်းဖြစ်၏။သို့သော်အလုံးစုံ
သော အနန္တစကြဝဠာဟုပင်ယူရမည်
သာ။
ဤ၌ အပိုင်းအခြားအကန့်အ
သတ် ရှိနေသောနေရာကို ကျဉ်း
မြောင်းသည်ဟု ဆိုအပ်သည်ဖြစ်ရာ
အပိုအခြားသတ်မှတ်ချက်ပျက်မှ
ကျယ်ဝန်းပြန့်ပွါးသည်ဟု မှတ်ယူရပါ
မည်။ ဤတွင် ဥပမာအားဖြင့် ရန်သူ
ကို အပိုင်းအခြားဟုဆိုသည်။မေတ္တာ
အရာ၌ ဤသူကား မိမိရန်သူဖြစ်သည်
ဟု မေတ္တာမပွါး ချန်ထားခဲ့သော် ပိုင်း
ခြားကန့်သတ်ချက်ရှိနေ၍ ကျဉ်း
မြောင်းလျက်ရှိသည်။ ထို့ကြောင့် အ
ပိုင်းအခြားဖျက်သူ့ဖြစ်အောင် ရန်သူ
ကိုပင် မချန်ထားပဲ ရန်သူ၌သော်လည်း
မေတ္တာရောက်အောင်ပြုသော် အပိုင်း
အခြားပျက်၍ ကျဉ်းမြောင်းခြင်းမရှိ
မေတ္တာနယ် ကျယ်သွားပေတော့
သည်။
တစ်မျိုးဆိုရသော် ဘာဝနာမ
ပြည့်စုံသေးခင် ဘုံလောကအနှံ့
မေတ္တာစိတ်ဖြန့်ပွါးဖို့မလွယ်သေးသော်
လည်း ဘာဝနာပြည့်စုံ အားရှိလာ
သောအခါမည်သည့်သြကာသလော
ကမျှမကျန်အောင် မေတ္တာဖြန့်နိုင်
တော့သည်။ ဤဘုံလောကအနှံ့ဖြန့်
ပွါးနိုင်သောအခါ မေတ္တာသည် အပိုင်း
အခြားမရှိ ပျံ့နှံလာတော့သည်။
ဤစကားဖြင့် အပိုင်းအခြားမဲ့
မေတ္တာဖြစ်ရန်မှာ အပိုင်းအခြားပျက်
အောင် ပြုနိုင်မှသာဖြစ်၍ ဘာဝနာ
အားကောင်းလာမှ ဖြစ်နိုင်ခွင့်ရှိရာ
ဥပစာရဈာန် အပ္ပနာဈာန်ရရှိမှသာ ထို
သို့ဖြစ်နိုင်၍ ထိုဈာန်ရသူများ၏
မေတ္တာကို အပိုင်းအခြားမဲ့ဠကျယ်ပြန့်
သောမေတ္တာဖြစ်ကြောင်း သိရှိရပေ
တော့သည်။
ဤ၌ အပိုင်းအခြားပျက်ခြင်းနှင့်
စပ်လျဉ်း၍ ဝိသုဒ္ဓိမဂ်ပါဠိတော်လာ
မေတ္တာ ပွါးပုံကိုလည်း သိရှိရန်လိုပေ
သည်။ မေတ္တာဘာဝနာအရာ၌
မေတ္တာရှေ့ဦးစွာမပွါးအပ်သူ /ပွါးအပ်သူ
/လုံးဝမပွါးအပ်သူများရှိရာ မချစ်အပ်
သူ မုန်းသူများ၌ မေတ္တာစ၍ မပွါးအပ်
ပွါးလျှင် ထိုသူ့အားမုန်းခြင်းအကြောင်း
ကိုတွေးမိသဖြင့် ဒေါသဖြစ်လာတတ်
၍ မေတ္တာဖြစ်ရန်ခက်ခဲ၏။ထို့အတူပင်
အလွန်ချစ်သူ၌ တဏှာပေမရှိနေပေရာ
ထိုသူ၏ သုခ ဒုက္ခ အတွက်သောကဖြစ်
စရာများ ဖြစ်လာတတ်၍ မေတ္တာပွါးရေး
မှာမလွယ်။မမုန် မချစ် အလယ်အလတ်
ပုဂ္ဂိုလ်၌လည်း မိမိကချစ်ခင်မြတ်နိုးမှု
မရှိသောကြောင့် ချစ်မြတ်နိုးသူအရာ
ထားရန်အခက်တစ်ရပ်ပင်။ရန်သူ၌ကား
ဒေါသဖြစ်လာမည်ဖြစ်၍ စတင်မေတ္တာ
ပွါးရန် သာ၍မလွယ်သည်သာ။ထို့ကြောင့်
ထိုပုဂ္ဂိုလ်လေးဦ၌ ရှေးဦးစွာမေတ္တာမပွါး
အပ်ပေ။
လိင်မတူသူ၌ ရာဂဖြစ်တတ်ခြင်း
သေသူ၌ပွါးလျှင် အပ္ပနာဈာန် ဥပစာရဈာန်
မရနိုင်ခြင်းတို့ကြောင့် ဤသူနှစ်ဦး၌မပွါးသင့်
ပေ။ထို့ကြောင့်မေတ္တာပွါးလိုသောပုဂ္ဂိုလ်
သည် ရှေးဦးစွာ မိမိကိုယ်ကို "အကျွန်ုပ်ချမ်း
သာပါစေ ဆင်းရဲကင်းပါစေ "စသည်ဖြင့်
ပွါးအပ်၏။မိမိကိုယ်ကိုပွါးခြင်းမှာ ဈာန်မရ
သော်လည်း ငါချမ်းသာချင်သလို ငါမဆင်း
ရဲချင်သလို အခြားသတ္တဝါများလည်း
ဆင်းရဲခြင်းကင်းလို ချမ်းသာလိုကြသည်
ဟု မိမိကို သက်သေတင်ကာ အခြား
သတ္တဝါများအပေါ်မှာ အကျိုးလိုလားမှု
ချမ်းသာလိုလားမှု ဖြစ်လာတတ်၍ မိမိကိုယ်
ကို စတင်ပွါးရခြင်းဖြစ်သည်။
(ဝိသုဒ္ဓိ-ပ-၂၈၇)
ထို့နောက် မိမိချစ်ခင်လေးစား
ရသော ဆရာ ဥပဇ္ဈာယ်စသည်တို့၌ ထို
ပုဂ္ဂိုလ်တို့၏ သိလ သုတ စသောဂုဏ်တို့
ကို ကြည်ညိုအောက်မေ့ပြီးလျှင် ဤသူ
တော်ကောင်း ချမ်းသာပါစေ ဆင်းရဲကင်း
ပါစေ စသည်ဖြင့် မေတ္တာပွါးရ၏။ထိုသို့
မိမိအကျိုးလိုလား၍ လေးစားမြတ်နိုး
သောဆရာစသည်တို့၌ ပွါးအပ်သော
မေတ္တာအလေ့အလာများအားရှိလာသော
အခါ အလွန်ချစ်သောမိတ်ဆွေ မမုန်း
မချစ်အလယ်အလတ်ပုဂ္ဂိုလ်နှင့် ရန်သူ
များ၌ ပြောင်းကာပြောင်းကာ မေတ္တာပွါး
လာနိုင်တော့သည်။အလေ့အလာပွါး
များထားအပ်ပြီးသောမေတ္တာသည် နောင်
ရန်သူ၌ စိတ်ရောက်သောအခါပင် ရန်သူ
အဖြစ်မမြင်တော့ပဲ ပိယပုဂ္ဂိုလ်အဖြစ်
ရောက်လာပေတော့သည်။
*လိင်မတူရာ သေသူမှာ မေတ္တာမပွါးနှင့်။
*မုန်းထားသသူ လွန်ချစ်သူနှင့် လယ်လူ
တစ်ဖြာရန်သူမှာ မေတ္တာ မစလင့်။
*မိမိစယူ ချစ်သူနောက်ဆို ပို၍ချစ်သူ
ကိုယ့်ရန်သူ ပွါးမူစဉ်တိုင်းသင့်။
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment