Thursday, November 17, 2016

"အရဟံ ဂုဏ်တော်(၁)"

"အရဟံ ဂုဏ်တော်(၁)"

          အရဟံ=ပူဇော်အထူးကို ခံတော်မူထိုက်
သည်။ အဆင်းမလှ ရနံ့မရှိသော ပန်းကားလူတို့
မြတ်နိုးမြဲမဟုတ်။ အဆင်းလည်းလှ ရနံ့လည်း
မွှေးကြူသောပန်းကိုမူ လူတိုင်းပင်မြတ်နိုးမြဲပင်။
ဂုဏ် ကျက်သရေရှင်များမှာ အဆင်းလည်းလှ
ရနံ့လည်းမွှေးကြူသောပန်းပမာ များစွာသောလူ
တို့၏ မြတ်နိုးဖွယ်ဖြစ်ရ၏။

           ပြောမပြနိုင်အောင် များပြားပေါကြွယ်
သော ဂုဏ်တော်များသခင် ဘုရားရှင်မှာ အများ
၏ ပူဇော်ဖွယ်ရာဖြစ်ရ၏။မှန်ပေ၏။ ရဟန္တာ
များမှာ အဂ္ဂဒက္ခိဏေယျ=အမြတ်ဆုံး အလှုကို
ခံထိုက်သော ပူဇော်ထိုက်သူအရှင်များဖြစ်ကြ၏။
ထိုသို့ဖြစ်သည်မှာ အရဟတ္တမဂ်ဖြင့် ကိလေသာ
တို့ကိုသတ်၍ ရှင်းပြီးသောကြောင့်ပင်။သို့သော်
ရဟန္တာအရှင်များသည် ဝါသနာကိုကားမပယ်နိုင်
ကြ။ ကိလေသာတွေကုန်ငြားသော်လည်း ကိလေ
သာ၏ အရှိန်အစော် ဝါသနာကား ကျန်ရစ်သေး
၏။

            အရှင်ပိလိန္ဒဝစ္ဆ-ထိုအရှင်ကား ရဟန္တာ
အရှင်မြတ်ကြီးပင်။ဗြဟ္မဏမျိုး၌ ဖြစ်၍  ဝသလ=
သူယုတ်ဟုပြောခဲ့သော အလေ့အလာဘဝငါးရာ
တိုင် ဖြစ်ခဲ့ရာ ရဟန္တာဖြစ်သော်လည်း ထိုဝါသနာ
မှာ ကျန်ရစ်၍ ဝသလ=သူယုတ်ဟူသောအခေါ်
ဖြင့် ခေါ်လေ့ရှိသေး၏။

              တစ်ခါက လူတစ်ယောက် ပိတ်ချင်းသီး
တောင်းကြီး ယူလာရာ အရှင်မြတ်က "သူယုတ်
ဘာတွေလဲ" ဟု မေး၏။ ထိုသူကလည်း မိမိကို
သူယုတ်ခေါ်ရကောင်းလား သူ့အလိုက်ကန့်လန့်
ပြောမှပဲဟု "ကြွက်ချေးတွေပါဘုရား"ဟု ပြော
လိုက်၏။ "အေး ကြွက်ချေးတွေဆို ကြွက်ချေးတွေ
ပေါ့ကွယ်"ဟု မိန့်၏။နောက် မထေရ်လွန်သွား
သောအခါ တကယ်ကြွက်ချေးတွေ ဖြစ်နေတော့
၏။

             တောင်းထဲက ပိတ်ချင်းသီးတွေသာမက
လှည်းပေါ်ကကပိတ်ချင်းသီးတွေပါ ကြွက်ချေး
တွေ ဖြစ်နေတော့၏။ လူတစ်ယောက်အကြံပေး
ချက်အရ ပိတ်ချက်းသီးတောင်းကို မပြီးမထေရ်
ရှေ့သွားပြန်ရာ "သူယုတ် ဘာတွေလဲ"ဟုထပ်မေး
ပြန်၏။"ပိတ်ချင်းသီးတွေပါဘုရား"ဟု လျောက်၏
"အေး ပိတ်ချင်းသီးတွေဆို ပိတ်ချင်းသီးပေါ့ကွယ်
"ဟု မိန့်တော်မူပြီးမှ ပိတ်ချင်းသီးအဖြစ်ပြန်
ရောက်ရတော့သည်။

              "အရက်ကိုသွန်လိုက်သော်လည်း
အရက်နံ့မှာ အရက်အိုး၌ စွဲနေရစ်သကဲ့သို့
ရဟန္တာများ၌ ကိလေသာကုန်သော်လည်း အထုံ
ဓလေ့ဝါသနာအငွေ့မှာ ကျန်ရစ်ခဲ့၏။ပစ္စေကဗုဒ္ဓါ
များလည်းထို့အတူပင်"။

                  "ဘုရားရှင်ကား ထိုဝါသနာကိုပင်
မကျန်ရစ်အောင် အရှင်းပယ်သတ်နိုင်သော
ကြောင့် လောကတွင် အစင်ကြယ်ဆုံး အသန့်
ရှင်းဆုံး ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူပါပေသည်။ ထို့
ကြောင့် ဘုရားရှင်ထက်သာသော ပူဇော်ခံထိုက်
သောသူကို ဤလောက'တခြားလောက'ဘယ်
လောကမှာမှ ရှာမရတော့ပေ။

                        
                             #ငြိမ်းချမ်းပါစေ

No comments:

Post a Comment