"သမ္မာသမ္ဗုဒ္ဓဂုဏ်တော်(၁)"
"သမ္မာသမ္ဗုဒ္ဓအဖွင့်"
သမ္မာ=အကောင်းဆုံး။သံ=ကိုယ်တော်တိုင်။
ဗုဒ္ဓ=သိတော်မူသောဘုရား။သမ္ဗုဒ္ဓ=ကိုယ်တော်
တိုင်သိသည် ဆိုရာ၌ နည်းညွန်သူ ဆရာမရှိ ပါရ
မီအစွမ်းကြောင့်မိမိဘာသာ ရှာဖွေတွေ့ရှိသိတော်
မူသည်ဟုဆိုလိုသည်။
ပစ္စေကဗုဒ္ဓါများလည်း ဆရာမရှိ အလိုလိုသိ
တော်မူကြသည်။သို့သော် အသိချင်းမတူ ကွာခြား
ပုံကို သမ္မာဖြင့်ပြ၏။အကောင်းဆုံးသိသည်ဆိုရာ
၌ အမှားမရှိ အမှန်အတိုင်းသိသည်။မသိသောအ
ရာမရှိ အားလုံးကိုသိသည်ဟုဆိုလိုသည်။(ဤအ
ချက်ဖြင့် သဗ္ဗညုတဥာဏ်တော်၏ အစွမ်းကိုပြ၏)
ထို့ကြောင့်ပင် တစိတ်တဒေသသာသိသော ပစ္စေ
ကဗုဒ္ဓါတို့မှာ သမ္မာသမ္ဗုဒ္ဓအမည်ကို ခံတော်မမူကြ
ရပေ။
လောက၌ အလွန်နက်သော တောကြီးသို့
မလှည့်လည်ဖူးသူများသည် ထိုတော၏ အခြေအ
နေကို မသိရ မခန့်မှန်းနိုင်ကြ။လှည့်လည်ဖူးသူ
များသာ တော့၏ အလွန်နက်ရှိုင်းပုံကို၎င်း ပန်း
သစ်သီးမျိုးတွေ ဝေဝေဆာဆာနှင့် သာယာနေပုံ
ကို၎င်း သိနိုင်ကြ၏။ဘုရားဟောပိဋကတ်တော်
တွင် ကျင်လည်ဖူးသော ပညာရှိတို့ကား ဘုရား
ရှင်၏ ဥာဏ်တော် ဂုဏ်တော်အပေါင်းကို ခန့်မှန်း
သိနိုင်ကြသည်။
အဘိဓမ္မာအလိုအားဖြင့် လောက၌ အရာ
ဝတ္ထုမှန်သမျှ မပြောင်းမလွဲ တည်မြဲသည်ဟုမရှိ။
သာမန်လူတို့အမြင်၌ တည်မြဲနေသည်ဟု ထင်ရ
သော အရာဝတ္ထုများမှာ ဓါတုဝိဥာဏ် ထက်သန်
သော ဥာဏ်ကြီးရှင်များအမြင်တွင် ဖြစ်ပျက်မစဲ
တသဲသဲဖေါက်ပြန်နေသော အရာသာဖြစ်လျက်
ရှိနေသည်သာ။ထိုထိုအရာဝတ္ထုများကား အဋ္ဌက
လာပ် ရုပ်ဓါတ်တွေ မရေမတွက်နိုင်အောင် ဖွဲ့
စည်းတည်နေသော အရာများသာဖြစ်ခဲ့သည်။ဖြစ်
မြဲဖြစ်နေသော အဋ္ဌရုပ်ကလာပ်ဟုလည်းတစ်ခုမျှ
မရှိခဲ့။ဖြစ်ပြီးလျှင်ချူပ်ပျောက်ရသည်သာ။
ချူပ်ပျက်သည့်နေရာဝယ် အစားထိုး
လျက် အသစ်အသစ်ကလာပ်များက ထပ်မနားမ
စဲ ဖြစ်လျက်ချူပ်လျက်ရှိနေခဲ့၏။ရုပ်ကလာပ်လေး
တစ်ခု၏ ပမာဏမှာလည်း ပြောမပြနိုင်အောင်ပင်
သေးငယ်လှသည်။အရာဝတ္ထုတစ်ခု၌ ထိုရုပ်က
လာပ်လေးတွေကို စိတ်ဖြာခွဲဝေလျက် တသန့်စီ
တစ်ကန့်စီသိမြင်တော်မူနိုင်သည်။ထိုကလာပ်
တွေ၏ အဖြစ်အပျက်ကိုလည်း ကွဲကွဲပြားပြား ပိုင်း
ပိုင်းခြားသိသည်ဆိုလျှင် ထိုအသိမှာ မည်မျှခက်ခဲ
ဖြစ်နိုင်ခဲသော အသိပါနည်း အခြားဥာဏ်ကြီးရှင်
တို့၏ အရာမဟုတ်ပါပေ။
ဘုရားရှင်ကား ထိုမျှအထိသိတော်မူခဲ့
ရာ သူမတူသော ဥာဏ်တော်ရှင်အဖြစ် အသိအ
မှတ် ပြုခဲ့ကြရပါပေသည်။ထို့ကြောင့်ပင်ထိုသို့
သော သိမြင်တော်မူသောဥာဏ်တော်အရ အဘိ
ဓမ္မာဒေသနာတော်၌ ရုပ်ဓါတ်တို့ကို အမျိုးမျိုးခွဲ
ခြမ်းစိပ်ဖြာလျက် တိကျသေချာစွာ ဟောတော်မူ
ခဲ့နိုင်ခြင်းပင်ဖြစ်ပါပေ၏။
သတ္တဝါတို့ ခန္ဓာကိုယ်၌ သူ့အဖွဲ့အစည်း
နှင့်သူ ရုပ်ကလာပ်တွေဖြစ်နေပုံကို၎င်း ထိုရုပ်
ကလာပ်တွေမှာ အကြောင်းမဲ့ဖြစ်နေကြသည်မ
ဟုတ်ပဲ ဆိုင်ရာအကြောင်းကိုယ်စီဖြင့် ဖြစ်ကြပုံ
နှင့် အကြောင်းကလာပ်များကလည်း အကျိုးရုပ်
ကလာပ်တွေကို ဆိုင်ရာသတ္တိဖြင့် ကျေးဇူ့ပြု
ထောက်ပံ့လျက် ရှိနေကြပုံကို၎င်း ရုပ်အဖွဲ့အစည်း
တစ်ခုထဲက ရုပ်တွေအပြန်အလှန် ကျေးဇူ့ပြုနေပုံ
ကို၎င်း ထိုရုပ်ကလာပ်တွေ သက်တမ်းဘယ်မျှရှိ
သည်ကို၎င်း ဖြစ်ပြီးရုပ်ကလာပ်တွေပျက်၍ ရုပ်
ကလာပ်အသစ်တွေ ဆက်ကာဆက်ကာ အစား
ထိုး ပေါ်လာ၍ ဖြစ်ပျက်ဖြစ်ပျက်နေပုံကို၎င်း ဓါတ်
ခွဲဝေဖန်လျက် ဟောထားသည်မှာ လိုလေသေးမ
ရှိပေ။
ထို့ကြောင့်ပင် ထိုအချက်တွေကို လေ့လာ
သိရှိရသောပညာရှင်တို့က အလွန်သိတော်မူပါ
ပေသည်ဟု ဘုရားရှင်၏ ဥာဏ်တော်ဂုဏ်တော်
အပေါင်းကို ချီးကျူးပူဇော်ခဲ့ကြပါသတည်း။
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment