Thursday, November 17, 2016

"ကြည်ညိုဖွယ်ရာမြတ်ဗုဒ္ဓ(၁)"

"ကြည်ညိုဖွယ်ရာမြတ်ဗုဒ္ဓ(၁)"

"ကြွသွားတော်မူပုံ"
      
           မြတ်စွာဘုရားရှင်သည် ကြွသွားဖို့ရန် ခြေ
လှမ်း လှမ်းသောအခါ လက်ယာဘက် ခြေကိုသာ
ပထမလှမ်းလေ့ရှိ၍ လှမ်းပြီးသော ခြေကို မဝေး
လွန်း မနီးလွန်းချတော်မူလျက် မမြန်လွန်း မနှေး
လွန်း ကြွသွားလေ့ရှိပါသည်။

            ကြွသွားသောအခါတွင်လည်း ဒူးဆစ်ချင်း
ခြေမျက်စိချင်းလည်း မထိမခိုက်ပါ။(ရေထဲ၌သွား
နေသူသည် ပေါင်ကို မြှောက်၍ မြှောက်၍ သွား
ရသကဲ့သို့)ပေါင်ကို မြှောက်၍လည်း သွားလေ့မရှိ
ပါ။ပေါက်ကိုနောက်သို့လည်းမဆုတ်နစ်စေပါ။
ပေါင်ကိုတောင့်တောင့်ကြီးလည်းမဖြစ်စေ ဟို
ဘက်သည်ဘက် လှုပ်လှုပ်ရှားရှားလည်း မဖြစ်စေ
ပါ။

             ခရီးသွားသောအခါတိုင်း အောက်ပိုင်းက
သာလှုပ်၍ အထက်ပိုင်းမှာ လှေပေါ်၌တင်အပ်
သော ဆင်းတုရုပ်ကဲ့သို့ မလှုပ်မယှက်ငြိမ်သက်
နေပါသည်။လက်မောင်းကို လှုပ်၍ယမ်း၍ သွား
လေ့မရှိပါ။နောက်သို့ ကြည့်ခွင့်ကြုံလာလျှင်
လည်ပင်းနောက်ပြန်မကြည့်ပဲ တစ်ကိုယ်လုံး
လှည့်၍သာ ကြည့်ရှုလေ့ရှိပါသည်။အပေါ်သို့
ကြည့်၍ မော်၍လည်းကောင်း အောက်သို့ ငုံ့၍
လည်းကောင်း သွားလေ့မရှိ လေးတောင်ထွာ
လောက်အရပ်ကို ကြည့်လျက်သွားပါသည်။
(လေးတောင်ထွာထက်လွန်သောအရပ်ကိုကား
ဥာဏ်ဖြင့်သာ သိတော်မူပါသည်။)

                          
                              #ငြိမ်းချမ်းပါစေ

No comments:

Post a Comment