Thursday, November 17, 2016

ဓါတ်တူ

"သတ္တဝါများမှာ ဓါတ်တူအချင်းချင်း နှီးနှောညီ
ညွတ်ကြရသည် ဟု ဓါတုသံယုတ်၌ ဘုရားရှင်
ဟောတော်မူသည်။ "

"သဒ္ဓါမရှိသူအချင်းချင်း' သဒ္ဓါရှိသူအချင်းချင်း'
နှီးနှောညီညွတ်ကြ၏။ ထို့အတူ ပညာမဲ့သူ'
ပညာရှိသူ' ပျင်းသူ' လုံ့လရှိသူ' အကုသိုလ်မှရှက်
သူ' မရှက်သူ'လန့်သူ' မလန့်သူများလည်း အချင်း
ချင်းသာ အပေါင်းအသင်းပြုမိနှီးနှောညီညွတ်မိ
လျက်ရှိကြ၏။"

"ဓါတု=ဓါတ်ဟူသည် အလိုအကြိုက် အတွင်းဓါတ်
ခံ စိတ်ထားပင် ဖြစ်၏။ ထိုဓါတ်ကား ကူးစက်
တတ်သော သဘောရှိ၍ တစ်ဦးနှင့်တစ်ဦး နှီး
နှောမိရန် ဖန်တီးတတ်သော အခြေခံသဘာဝတ
မျိုးပင်ဖြစ်ရာ ၎င်းကို အဇ္ဈာသယဓါတု ဟုဆိုသည်။"

                                                 #ငြိမ်းချမ်းပါစေ

No comments:

Post a Comment