"ကမ္ဘ္ဘ္ဘ္ဘာ၏သက်တမ်း အပိုင်းအခြားနှင့် အန္တရကပ်"
ဤကမ္ဘာကြီးသည် (၁)အာယုကပ်(၂)အန္တ
ရကပ် (၃)အသင်္ချေယျကပ်(၄)မဟာကပ်ဟူ၍
လေးမျိုးရှိရာ သတ္တဝါတို့၏ သက်တမ်းအပိုင်းအ
ခြားကာလကို အာယုကပ် ဟုခေါ်၏။ သတ္တဝါတို့
၏ အသက် အသင်္ချေယျတန်းမှ ဆုတ်ယုတ်၍
ဆယ်နှစ်တန်းအထိ တစ်ဖန် ဆယ်နှစ်တန်းမှ
တက်၍ အသင်္ချေယျတန်းအထိ ကာလကို အန္တရ
ကပ်ဟုခေါ်၏။ ထိုအန္တရကပ် ၆၄ ကပ်ကို အသ
င်္ချေယျကပ်ဟုခေါ်၏။ အသင်္ချေယျကပ်လေးကပ်
ကို မဟာကပ်ဟုခေါ်ဆို၏။ထိုမဟာကပ်လေးကပ်
ကိုခြောက်ဆယ်လေးဖြင့်မြှောက်သော် နှစ်ရာငါး
ဆယ့်ခြောက်ကပ်သည်ကမ္ဘာ၏အသက်ဖြစ်၏။
ထိုကပ်တို့တွင် ယခုတည်ဆဲဖြစ်သော
ကမ္ဘ္ဘာ၏ အသက်ကို ဘုရားပွင့်သောကာလဖြင့်
ရေတွက်ပြရာ ကမ္ဘာကြီးဖြစ်တည်ပြီးနောက် အန္တ
ရကပ် (၈)ကပ်မြောက်တွင် ကကုသန် ဘုရားပွင့်
တော်မူ၏။
အန္တရကပ်(၉)ကပ်မြောက်တွင်
ကောဏဂုံ ဘုရားပွင့်တော်မူ၏။ အန္တရကပ်(၁၀)
ကပ်မြောက်တွင် ကဿပ ဘုရားပွင့်တော်မူ၏။
အန္တရကပ် (၁၁)ကပ်မြောက်တွင် ဂေါတမဘုရား
ပွင့်တော်မူ၏။ အန္တရကပ်(၁၂)ကပ်မြောက်တွင်
လည်း အရိမေတ္တေယျဘုရား ပွင့်တော်မူလိမ့်မည်
ကျန်သော ကပ်တို့၌ ဘုရားမပွင့်ကြရာ ယခုကာ
လသည် ဂေါတမဘုရားပွင့်ရာ ကာလဖြစ်၍ အန္တ
ရကပ် (၁၁)မြောက်ဟုသိရလေသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment