"ပါရမီစခန်း ပညာလမ်း"
ပါရမီစခန်းပညာလမ်း အကောင့်နာမည်
ကမြင့်လွန်တယ်ဆိုပြီးဝေဖန်သူတွေ အသံထွက်
နေကြကုန်၏။
ပါရမီသည်ကား တစ်ဦးတစ်ယောက်
လူတစ်စုမျှနှင့်သာ ဆိုင်သည်မဟုတ် လောက
သားအားလုံး သံသရာဝဋ်မှ ထွက်မြောက်ဖို့ရာ
ဖြည့်ကျင့်ရသော လောကသားအားလုံးနှင့်ဆိုင်
သောအကျင့်မြတ်ပင်တည်း။
ယခုဘဝ၌ မဂ်ဖိုလ်နိဗ္ဗာန်သို့မျက်
မှောက်မပြုနိုင်သေးစေကာမူ ပါရမီသည်ကား
ယခုဆုံရ ဘုရားမြတ်သာသနာ၌ ဖြည့်ကျင့်ဆည်း
ပူးရသော အကြောင်းပါရမီဆက်လျက် နောက်
နောက်ဘုရားရှင်တို့၏ သာသနာတော်နှင့်ဆုံတွေ့
သော ထိုဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီအဟုန်
တို့ကြောင့် နိဗ္ဗာန်သို့ရောက်ကြောင်းအကျိုးတရား
သည်ဧကန်ဖြစ်တော့၏။
ထို့အတူပင် ပညာလမ်း ဟူသည်ကား
ပါရမီစခန်း လမ်းစဉ်ဖြင့် အားထုတ်ဖြည့်ကျင့်
ဆည်းပူးကြကုန်သော သူတော်ကောင်းတို့သည်
ကား ပိဋကတ်ကျမ်းဂန် နီတိ အစရှိသောစာပေ
ဗဟုသုတတို့သိကျွမ်းနှံ့စပ်သော ဆရာတော်
အရှင်မြတ်များ ထံမှောက်၌ ဘုရားမြတ်၏ကိုယ်
ကျင့်တရားတော်ကြီးများကို သင်ယူခြင်း အကျိုး
ကိုကျင်ြ့ခင်း စသော သူတော်ကောင်းတရားတို့
ဖြင့် ပညာလမ်းသို့လိုက်သော ပါရမီကိုဖြည့်ကျင့်
ရမည်သာ။
သို့ဖြစ်လျှင် ဤ ပါရမီစခန်းပညာလမ်း
တည်းဟူသော အမည်နာမသည်ကား လောက
သားအားလုံးကို ရည်ညွန်းလျက် ပညာဖြင့်ယှဉ်
သော ပါရမီကို ဖြည့်ကျင်ဆည်းပူနိုင်ကြပါစေ
ဟူသော သမာဆန္ဒဖြင့် ရည်ညွန်းချက်ထားရပါ
သတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
ပါရမီစခန်း ပညာလမ်း
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment