Thursday, November 17, 2016

"မေတ္တာ၏ အတွင်းရန်သူ"

"မေတ္တာ၏ အတွင်းရန်သူ"

         ရန်'ရန်သူအရ မေတ္တာ၏ အတွင်းရန်ဒေသ
ကို ဆို၏။ထိုဒေါသမရှိအောင် မေတ္တာပွါးရမည်ကို
ဆို၏။မေတ္တာ၌ကား ဒေါသရှိသည်မဟုတ် ဘာဝ
နာ၏ အကြားအကြား၌ တခါတခါပေါ်လာသော
ဒေါသစိတ်ကို မဖြစ်အောင်ပြုရမည်ဟုဆိုခြင်းဖြစ်
သည်။
          မည်သည့်ဘာဝနာမှု၌မဆို သမာဓိအား
မကောင်းသေးခင် ရှေးယခင်ကြုံတွေ့ရဖူးသော
အာရုံများမှာ ထင်လာတတ်မြဲဖြစ်၏။တရံတခါ
မိမိကို တစ်စုံတစ်ယောက်က အကျိုးမဲ့ပြုခဲ့သည်
ကိုလည်းကောင်း စော်ကားထိပါးခဲ့သည်ကိုလည်း
ကောင်း ယခုပင်အပြုခံနေရသည့်ပမာ ထင်လာ
တတ်သည်။ထိုအခါမျိုး၌ မခံမရပ်နိုင်အောင် ဒေါ
သစိတ်ပေါ်လာတတ်၏။
             မေတ္တာကိုပွါးနေစဉ်အခါလည်း အကြား
အကြား၌ ဝေရစေတနာခေါ် ထိုဒေါသစိတ်မျိုးဖြစ်
လာသော် သဝေရ ဒေါသစိတ်ရှိသော မေတ္တာဟု
ဆိုရပေမည်။အကြားအကြား၌ ထိုသို့ဒေါသစိတ်
မျိုးပေါ်မလာအောင် ဆက်စပ်သွားမှ အဝေရဖြစ်
၏။ ဆိုလိုရင်းမှာ ထိုဝေရစေတနာခေါ် ဒေါသစိတ်
မှာ သမာဓိအားမကောင်းသေးမီသာဖြစ်လာတတ်
၍ သမာဓိအားကောင်းလာသော ဘာဝနာပြည့်စုံ
ဖြစ်လာတော့မည် မဟုတ်သောကြောင့် အဝေရ
ဒေါသစိတ်မဖြစ်အောင် အတွင်းရန်သူမရှိအောင်
ပွါးရပေမည်။
           ဤစကားဖြင့် ဘုရားရှင်သည် သမာဓိအား
အကောင်းဆုံးဖြစ်သည်အထိ ပွါးရမည်ကို ညွန်
ကြားတော်မူခဲ့သည်။ထိုစကားကိုဖြင့် အဝေရမှာ
ဥပစာရဈာန် အပ္ပနာဈာန်မေတ္တာကို ပြဆိုကြောင်း
ဖြစ်ပေတော့သည်။
             ထိုကဲ့သို့သတ္တဝါများအပေါ် ဒေါသစိတ်မ
ရှိ မေတ္တာဓါတ်အားကောင်းစွာထားနိုင်သူအား
လူလည်းချစ် နတ်ဘီလူးတို့လည်းချစ်အပ်သည်
့ဖြစ်ရာ ရန်သူမရှိတော့ပြီဖြစ်၍ ဤမေတ္တာစိတ်ကို
ရန်သူမရှိသည်အထိ အားရှိလာအောင် ပွါးများ
အားထုတ်သင့်ပေတော့သည်။

                            
                                #ငြိမ်းချမ်းပါစေ

No comments:

Post a Comment