"စေတီလေးမျိုးရှိနေသမျှ ဘုရားရှင်သက်တော်
ထင်ရှားရှိ၏"
ပရိနိဗ္ဗာန်သုံးမျိုးရှိပါသည်။
၁။ဗောဓိပင်နှင့် ရွှေပလ္လင်၌ ဘုရားအဖြစ်ကို ရတော်မူစဉ် ကိ လေသာအပူမီးကို အကြွင်းအကျန်မရှိ ငြှိမ်းသတ်ခဲ့ခြင်းကို ကိလေသပရိနိဗ္ဗာန်ဟု ခေါ်ပါသည်။
၂။ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ခန္ဓာကမ္မဇရုပ် ကင်းချုပ်ကုန်ဆုံးခဲ့ခြင်းကို ခန္ဓပရိနိဗ္ဗာန်ဟု ခေါ်ပါသည်။
၃။ကြည်ညိုကိုးကွယ်သူ မရှိသဖြင့် သာသနာကွယ်ခါနီးတွင် လူ့ပြည်၊ နတ်ပြည်၊ နဂါးပြည်ရောက်နေကြသော မြတ်စွာ ဘုရား၏ ဓာတ်တော်များသည် ဗောဓိပင်နှင့် ရွှေပလ္လင်၌ ပြန်စုပြီး လောင်ကျွမ်းသွားကြခြင်းကို ဓာတုပရိ နိဗ္ဗာန်ဟု ခေါ်ပါသည်။
ဓာတုပရိနိဗ္ဗာန် မစံမီအထိ ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ ဟူသော စေတီလေးမျိုး သည် မြတ်စွာဘုရားကိုယ်စား ကိုးကွယ်ရာများ ဖြစ်၏။ ထိုစေတီလေးမျိုး ရှိနေသမျှ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံ သွားပြီဟု မဆိုနိုင်ပါ။ မြတ်စွာဘုရား သက် တော်ထင်ရှား ရှိနေခြင်းပင် ဖြစ်၏။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့၏ မျက် မှောက်၌ မြတ်စွာဘုရားကိုယ်စား စေတီလေးမျိုး ရှိသည့် အတွက် ရှိခိုးကိုးကွယ်၍ အကျိုးရှိပါ
ကြောင်း တင်ပြအပ်ပါသတည်း။
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment