Thursday, November 17, 2016

မြတ်ဗုဒ္ဓ လက်ဝဲအောက်စွယ်တော်သမိုင်း"

မြတ်ဗုဒ္ဓ လက်ဝဲအောက်စွယ်တော်သမိုင်း"

               မြတ်ဗုဒ္ဓ၏ရုပ်ကလာပ်တော်ကို နံ့သာ
မီးတို့ဖြင့် တောက်လောင်နေချိန်တွင် ခေမ မည်
သောရဟန္တာမထေရ် တန်ခိုးဖြင့်ဆောင်ယူ၍
ဓါတ်တော်ဝေပွဲသို့မလာရောက်နိုင်သော ဗာရာ
ဏသီ ခေါ် ကာလိင်္ဂတိုင်း ဗြဟ္မဒတ်မင်းထံသို့
ပေးအပ်သည်။ ပြည်သူပြည်သားတို့ကျေနပ်
ဝမ်းမြောက်ကြလျက် မြို့တော်ကို ဒန္တပူရဟု သ
မုတ်သည်။
                 ကာလိင်္ဂတိုင်းမှာ ယခုဘင်္ဂလားနယ်
ရှိ မဟာနဒီမြစ်နှင့် ဂေါဒါဝတီမြစ်တို့ကြားတည်
ရှိပြီး မြို့တော်မှာ Ganjan ဂင်ဂျန်ပြည်နယ်Puri
ပူရီမြို့အနီး၌ တည်ရှိသည်။ထိုအချိန်က အဇာတ
သတ်မင်းနှင့် ဗြဟ္မဒတ်မင်းတို့သည် ဘာသာချင်း
တူသော်လည်း နိုင်ငံရေးအရ မသင့်မြတ်ကြပေ။
                    သံဃရာမဝိဇယဥတ္တမင်္ဂဝဍ္ဎမာန
မင်းလက်ထက်တွင် မြို့တော်ကို ယခုCuttack
ခေါ် ကီဓာရာမ်သို့ ရွေ့ပြောင်းခဲ့သည်။သာသနာ
သက္ကရာဇ် ၁ ခု မဟာသက္ကရာဇ် ၁၄၈ ခု ခရစ်
တော်မပေါ်မီ သက္ကရာဇ် ၄၅၀ ကျော်တွင် ကုသိ
နာရုံမှဒန္တပူရသို့ မြတ်ဗုဒ္ဓ၏ လက်ဝဲအောက်စွယ်
တော်ရောက်ရှိခဲ့သည်။
                     ၎င်းနောက်ပိုင်း ဂုဟသီဝ မင်းလက်
ထက်သို့ရောက်သောအခါ ကာလိင်္ဂတိုင်းမှာအင်
အားချိနဲ့လာပြီး တိတ္ထိတို့ကုန်းတိုက်စကားဖြင့်
ပါဋလိပုတ်ပြည်နှင့် ပြသနာဖြစ်ခဲ့ပြီး ၎င်းဘုရင်မှ
စွယ်တော်ကို သိမ်းယူဖျက်ဆီးခဲ့ရာ မပျက်စီးပဲ
တန်ခိုးရှစ်ကြိမ်တိုင်တိုင်ပြသဖြင့် ပါဋလိပုတ်ပြည်
ပဏ္ဍုဘုရင် ရဟန်းပြုသွားသည်။
                       ၎င်းနောက် ပဏ္ဍုမင်းနှင့်စစ်ဖြစ်ဖူး
သော ခိရဓါရ ခေါ် ခီဓါရမ် ဘုရင်စိတ္တယာန၏
တူတော်များဖြစ်သော မလယ မင်းများကစွယ်
တော်ကိုတောင်းပြန်ရာ စစ်ဖြစ်ပြန်သည်။
                         ထိုစစ်ပွဲတွင် ဂုဟသီဝဘုရင်
ကျဆုံးသဖြင့် ၎င်းမှာကြားထားသည့်အတိုင်း
သမီးတော်နှင့် သားမက်တော်ဖြစ်သော
ဟေမမာလာ ခေါ် တွဉ္စနမာလီမင်းသမီးနှင့်
ဥဇ္ဇေနီဘုရင်၏ သားတော် ဒန္တကုမာရ မင်းသား
တို့သည် အိန္ဒယတိုင်း တာမလိတ္တိမှ တစ်ဆင့်
သ်ီဟိုဠ်ကျွန်း ယခုသီရိလင်္ကာ နိုင်ငံ မဟာသေန
မင်း (AD 334-362)သို့ ဇမ္ဗူဒီပ ခေါ် ရွက်
သင်္ဘောဖြင့် သွားရာ သီဟိုဠ်ကျွန်း ဇမ္ဗူကောလပ
ဋန မဟာတိတ္တ သင်္ဘောဆိပ်သို့ ရောက်ရှိပြီး
အနုရာဓ မြို့သို့ပင်ပမ်းကြီးစွာသွားရသည်။
                       အနုရာဓမြို့သို့ရောက်ရှိချိန်တွင်
မဟာသေနမင်းနတ်ရွာစံ၍ ၎င်း သားတော် ကိတ္တိ
မေဃဝဏ္ဏမင်း (B.C846-874)နန်းတက်ချိန်ဖြစ်
ပြီး ဘုရင်ထံ မဝင်ဝံ့တော့ပဲ မဟာဝိဟာရ
ကျောင်းတိုက်သို့ ရောက်ရှိပြီး သင်္ဃရီ မထေရ်
မှတစ်ဆင့် ဘုရင်ထံအကြောင်းကြားသည်။
ဘုရင်လည်း လာရောက်ဖူးမြှော်ပြီး ခမ်းနားစွာ
ပူဇော်သည်။၎င်းမင်းမှ ဓမ္မပါလမင်း(B.C2094-
2120)လက်ထက်ထိ မင်းဆက်ပေါင်းတစ်ရာ
ကျော် ပူဇော်ခဲ့ကြသည်။
           ယခုအခါ သီရိလင်္ကာနိုင်ငံ ကန္ဓီမြို့၌
ဒါလာဒါမာလိဂဝ စွယ်တော်တိုက် တည်ရှိပြီး
ဟေမမာလာမင်းသမီး၏ စွယ်တော်ဝှက်သော
ဆံထိုးကိုအကြောင်းပြု၍ စွယ်တော်ကိန်းဝပ်ရာ
စေတီကြုတ်ထိပ်၌ ဆံထိုးပုံရှိနေကြောင်းသိရ
သည်။ သို့သော် လက်ဝဲအောက်စွယ်တော်နှင့်
ပတ်သက်သော သမိုင်းကြောင်းအချို့လည်းရှိ
ပါသည်။
                        ပုံတွင်ဖေါ်ပြထားသောစွယ်တော်
မြတ်မှာ ကရင်ပြည်နယ်ဘုရားသုံးဆူ နယ်စပ်ဒေ
သတွင် ကိန်းဝပ်စံပါယ်တော်မူသော စွယ်တော်
ဖြစ်ပြီး ကိုယ်တိုင်လည်းဖူးမြင်ခဲ့ရဘူးပါသည်။
                         ရွှင်လန်းချမ်းမြေ့ကြပါစေ
                              

#ငြိမ်းချမ်းပါစေ

"ကမ္ဘ္ဘ္ဘ္ဘာ၏သက်တမ်း အပိုင်းအခြားနှင့် အန္တရကပ်"

"ကမ္ဘ္ဘ္ဘ္ဘာ၏သက်တမ်း အပိုင်းအခြားနှင့် အန္တရကပ်"

           ဤကမ္ဘာကြီးသည် (၁)အာယုကပ်(၂)အန္တ
ရကပ် (၃)အသင်္ချေယျကပ်(၄)မဟာကပ်ဟူ၍
လေးမျိုးရှိရာ သတ္တဝါတို့၏ သက်တမ်းအပိုင်းအ
ခြားကာလကို အာယုကပ် ဟုခေါ်၏။ သတ္တဝါတို့
၏ အသက် အသင်္ချေယျတန်းမှ ဆုတ်ယုတ်၍
ဆယ်နှစ်တန်းအထိ  တစ်ဖန် ဆယ်နှစ်တန်းမှ
တက်၍ အသင်္ချေယျတန်းအထိ ကာလကို အန္တရ
ကပ်ဟုခေါ်၏။  ထိုအန္တရကပ် ၆၄ ကပ်ကို အသ
င်္ချေယျကပ်ဟုခေါ်၏။ အသင်္ချေယျကပ်လေးကပ်
ကို မဟာကပ်ဟုခေါ်ဆို၏။ထိုမဟာကပ်လေးကပ်
ကိုခြောက်ဆယ်လေးဖြင့်မြှောက်သော် နှစ်ရာငါး
ဆယ့်ခြောက်ကပ်သည်ကမ္ဘာ၏အသက်ဖြစ်၏။
               ထိုကပ်တို့တွင် ယခုတည်ဆဲဖြစ်သော
ကမ္ဘ္ဘာ၏ အသက်ကို ဘုရားပွင့်သောကာလဖြင့်
ရေတွက်ပြရာ  ကမ္ဘာကြီးဖြစ်တည်ပြီးနောက် အန္တ
ရကပ် (၈)ကပ်မြောက်တွင် ကကုသန် ဘုရားပွင့်
တော်မူ၏။
                အန္တရကပ်(၉)ကပ်မြောက်တွင်
ကောဏဂုံ ဘုရားပွင့်တော်မူ၏။ အန္တရကပ်(၁၀)
ကပ်မြောက်တွင် ကဿပ ဘုရားပွင့်တော်မူ၏။
အန္တရကပ် (၁၁)ကပ်မြောက်တွင် ဂေါတမဘုရား
ပွင့်တော်မူ၏။ အန္တရကပ်(၁၂)ကပ်မြောက်တွင်
လည်း အရိမေတ္တေယျဘုရား ပွင့်တော်မူလိမ့်မည်
ကျန်သော ကပ်တို့၌ ဘုရားမပွင့်ကြရာ ယခုကာ
လသည် ဂေါတမဘုရားပွင့်ရာ ကာလဖြစ်၍ အန္တ
ရကပ် (၁၁)မြောက်ဟုသိရလေသည်။
                         ရွှင်လန်းချမ်းမြေ့ကြပါစေ
                           

#ငြိမ်းချမ်းပါစေ

"ဘုရားရှင်တို့၏ တစ်ဆူနှင့်တစ်ဆူ မတူထူးထွေ ကွဲပြားသော အတိုင်းအရှည် ပမာဏ"

"ဘုရားရှင်တို့၏ တစ်ဆူနှင့်တစ်ဆူ မတူထူးထွေ
ကွဲပြားသော အတိုင်းအရှည် ပမာဏ"

(၁)သက်တမ်းမတူခြင်း

(၂)အရပ်တော်အနိမ့်အမြင့် မတူခြင်း

(၃)အမျိုးအနွယ်တော်မတူခြင်း

(၄)ဒုက္ကရစရိယာ ကျင့်ရပုံ မတူခြင်း

(၅)ရောင်ခြည်တော်ထွက်ပုံ မတူခြင်း

(၆)တောထွက်သောအခါ စီးနင်းသောယာဉ်
     မတူခြင်း

(၇)ပွင့်ရာဗောဓိပင် မတူခြင်း

(၈)ပလ္လင်တော် ပမာဏ မတူခြင်း

ဖြည့်စွက်ထည့်သွင်းချက်မှာ

(၉)ပါရမီဖြည့်ကျင့်ရာ အချိန်ကာလမတူခြင်း

(၁၀)ပညာဓိက သဒ္ဓါဓိက ဝီရိယာဓိက ဟူသော
        အား အနဲအများကွဲပြားခြင်း

(၁၁)ပရိနိဗ္ဗာန် ဝင်စံသောအခါ ဓါတ်တော်ချန်ခဲ့
        မချန်ခဲ့ခြင်း-စသည်ကွဲပြားခြင်း
        ဓါတ်တော်ချန်ခဲ့သောအခါလည်း ချန်ထားပုံ
        မတူကွဲပြားခြင်း။

                              ရွှင်လန်းချမ်းမြေ့ပါစေ

                                       
#ငြိမ်းချမ်းပါစေ

(ရင့်မာကျိပ်ဝင်) "နောင်ပွင့်မည့် ဗျာဒိပ်ရပြီးသား ဘုရားအလောင်း တော်(၁၀)ပါး"

(ရင့်မာကျိပ်ဝင်)
"နောင်ပွင့်မည့် ဗျာဒိပ်ရပြီးသား ဘုရားအလောင်း
တော်(၁၀)ပါး"
(၁)အရိမေတ္တေယျဘုရားအလောင်း

(၂)ရာမမင်း

(၃)ပသေနဒီကောသလမင်း

(၄)ဒီဃသောဏီ အသူရိန်နတ်မင်း

(၅)အဘိဘူ နတ်မင်း

(၆)စဏ္ဍနီ ပုဏ္ဏား

(၇)သုဘ လုလင်

(၈)တောဒေယျ ပုဏ္ဏား

(၉)နာဠာဂီရိဆင်မင်း

(၁၀)ပလေယျ ဆင်မင်း

           ဥတ္တမော မေတ္တေယျော ရာမော ပသေနဒီ
ကောသလောစ အဘိဘူဒီဃသောဏီစ စဏ္ဍာနီ
သုဘော  တောဒေယျ ဗြဟ္မာဏော နာဠာဂီရိ ပလ
လေယျော ဗောဓိသတ္တာ အနုက္ကမေန သမ္ဗောဓိံ
လဘန္တိ အနာဂတေ။(အနာဂတဝင်ကျမ်း)
                ရွှင်လန်းချမ်းမြေ့ကြပါစေ
                          

#ငြိမ်းချမ်းပါစေ

မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော် ခြောက်သွယ်

"မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော် ခြောက်သွယ်"

(၁)နီလ-ညိုသောရောင်ခြည်တော်

(၂)ပီတ-ရွှေသောရောင်ခြည်တော်

(၃)လောဟိတ-နီသောရောင်ခြည်တော်

(၄)သြဒါတ-ဖြူသောရောင်ခြည်တော်

(၅)မဇ္ဈိဋ္ဌ-မောင်းသောရောင်ခြည်တော်

(၆)ပဘဿရ-ပြိုးပြိုးပြက်ပြက် တစ်ခဲနက်သော
ရောင်ခြည်တော်

မှတ်ချက်
            မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်သွယ်
လုံးကို တစ်ပြိုင်နက်ထဲ မဖူးမြင်ရဘူးသေးပါ သို့
သော် ပထမ တစ်ခါ ခြေတော်ရာမှ ထွက်သော
ညိုသောရောင်ခြည်တော်ကို ဖူးမြင်ဘူးပါသည်
ထူးခြားသည်မှာ အလယ်ဗဟို စက်တော်နေရာ
မှာ အစိမ်းရောင် ဖြာထွက်နေသော အဝိုင်းပုံ
ရောင်ခြည်တော်ကို မြင်ဖူးပါ၏။
               ဒုတိယအကြိမ်တွင် လျှပ်စစ်ပျံသကဲ့သို့
စွယ်တော်မှထွက်သော ရောင်ခြည်တော်ကိုမြင်ဖူး
ခဲ့ပါသည်။
                    ရွှင်လန်းချမ်းမြေ့ပါစေ

#ငြိမ်းချမ်းပါစေ

                    မြင့်မြတ်သော ကြယ်တာရာအုပ်စုဝင်

"အမတ်တို့ ကျင့်အပ်သော ၂၃ ချက်မှ နှစ်သက် ရာ ကောက်နူတ်ဖေါ်ပြချက်"

"အမတ်တို့ ကျင့်အပ်သော ၂၃ ချက်မှ နှစ်သက်
ရာ ကောက်နူတ်ဖေါ်ပြချက်"

(၁)အရှင်ကို မကောင်းမှုမှ တားမြစ်ခြင်း

(၂)အစီးအပွါးရှိသည်ကိုသာ ယှဉ်စေခြင်း

(၃)အရှင်၏ လျှို့ဝှက်သောအရာကို လျှို့ဝှက်ခြင်း

(၄)အရှင်၏ ကျေးဇူ့သိတတ်ခြင်း

(၅)အမှုအရေး ဘေးရန်ရှိသောအခါ အရှင်ကို
မစွန့်ခြင်း

(၆)အကြားအမြင်များခြင်း

(၇)သီလရှိခြင်း

(၈)ရဲစွမ်းသတ္တိရှိခြင်း

(၉)လုံ့လဝီရိယရှိခြင်း

(၁၀)စေ့စပ်သေချာခြင်း

(၁၁)ကိုယ်အား ဥာဏ်အားပြည့်စုံခြင်း

(၁၂)အဂတိလေးပါမလိုက်စား တည်ကြည်ခြင်း

(၁၃)ဣနြေ္ဒစောင့်စည်းခြင်း

(၁၄)စကားအရာလိမ္မာကျွမ်းကျင်ခြင်း

(၁၅)တရား၌မွေ့လျော်ခြင်း

(၁၆)အမှုကိစ္စမှန်သမျှကို တရားသဖြင့်စီရင်ခြင်း

(၁၇)တိုင်းသူပြည်သားများအား ရင်ဝယ်သားကဲ့
သို့ သနားကရုဏာထားခြင်း

မှတ်ချက်
             ၁၆/ ၁၇ ပါ အချက်များမှာ ဖြည့်စွက်
ထည့်သွင်းခြင်း
                           

#ငြိမ်းချမ်းပါစေ

"အက္ခောဘဏီ သေနင်္ဂဗျူဟာ စစ်တပ်လက္ခဏာ"

"အက္ခောဘဏီ သေနင်္ဂဗျူဟာ စစ်တပ်လက္ခဏာ"

(၁)သီဟိုဠ်ကျွန်း ဒုဋ္ဌဂါမဏိမင်းလက်ထက် ကျေး
ကုလားတို့ကိုစစ်ချီရာ အက္ခောဘဏီတပ်မှာ
မဟာဝင်ဋီကာအရ  တိုက်ဆင် တစ်ကုဋေ ရထား
ဆယ်ကုဋေ  မြင်းပေါင်းကုဋေတစ်ရာ လေးပစ်
လေးဆွဲ သူရဲ ကုဋေနှစ်ရာ စစ်သည် ကုဋေတစ်
သောင်းလေးထောင် စုစုပေါင်း တစ်သောင်းလေး
ထောင်သုံးရာတစ်ဆယ့်တစ်ကုဋေရှိသည်။

(၂)ဘုရားအလောင်းတော် မဟောသဓာသတို့
သား စစ်ချီတက်ရာ၌ အက္ခောဘဏီ စစ်တပ်
သည် ဝါးလုံးခြောက်ဆယ်တစ်စည်းကိုချထားရာ
စစ်အင်္ဂါလေးပါးတို့ နင်းသွား၍ မြူမှုန်ဖြစ်ပြန်လျှင်
တစ်ဖန် ဝါးခြောက်ဆယ်တစ်စည်းကို ချပြန်၏
ဤသို့နင်းသွားခြင်းဖြင့် ဝါးအလုံးခြောက်ဆယ်
စည်းပေါင်း ခြောက်ဆယ်မြူမှုန်ဖြစ်အောင် များ
ပြားသော စစ်အင်္ဂါလေးပါ အရေအတွက်ကိုဆို၏။

(၃)ကျစွာမင်းလက်ထက် အက္ခောဘဏီ ယူဆပုံ
မှာ ဆင်ပေါက်ကြီး ကိုးထောင် ရထားကိုးသိန်း
မြင်းကိုးကုဋေ ခြေသည်သူရဲ ကုဋေကိုးရာ သမီး
ကညာ ကုဋေကိုးသောင်း မိန်းမ ကုဋေကိုးသိန်း
ဤအရေအတွက်ကို အက္ခောဘဏီဟု ဆိုထား
သည်။

(၄)အမရကောသ အဘိဓါန်ဋီကာ တို၌ကား
ဆင် ၂၃၈၇၀  ရထား ၂၁၈၇၀ မြင်း ၆၅၆၁၀
ခြေသည်တော် ၁၀၉၃၅၀ ပေါင်း ၂၁၈၇၀၀သည်
အက္ခောဘဏီ သေနင်္ဂဗျူဟာဟု သတ်မှတ်ထား
ကြသည်။
                 မှတ်သားမိသလောက်ဖေါ်ပြခြင်းသာ
                           

#ငြိမ်းချမ်းပါစေ

(ဘေးမဲ့စားသုံးခြင်း သို့မဟုတ် အသွေးလွတ် အသားလွတ် စားသုံးခြင်း၏ ထားရှိသင့်သော ရည်ရွယ်ချက်နှင့် သစ္စာအဓိဋ္ဌာန်)

(ဘေးမဲ့စားသုံးခြင်း သို့မဟုတ် အသွေးလွတ် အသားလွတ် စားသုံးခြင်း၏ ထားရှိသင့်သော
ရည်ရွယ်ချက်နှင့် သစ္စာအဓိဋ္ဌာန်)

(၁)မြေပေါ်မြေအောက်ရှိ သတ္တဝါအပေါင်းတို့၏
အသွေးအသားများကို မစားမသောက် မေတ္တာ
ရောက်၍ ရှောင်ကြဉ်ရသော စေတနာကြောင့်
မဟာပထဝီမြေထုကဲ့သို့ ကြီးကျယ်ခန်းနားသော
ခွန်အားဗလ ဥာဏ်ပညာနှင့် ပြည့်စုံရပါလို၏။

(၂)ရေ၌ကျက်စား သွားလာနေကြကုန်သော သား
ငါးအစရှိသော သတ္တဝါအပေါင်းတို့၏ အသွေးအ
သားကို မစားမသောက် မေတ္တာရောက်၍ ရှောင်
ကြဉ်ရသော စေတနာကြောင့် ဗိုလ်လူအပေါင်းတို့
၏ သောက်ချိုး၍ မကုန်ခမ်းနိုင်သော ရေထုရေ
ပြင် တသွင်သွင်ကဲ့သို့ တရားမိုးကြီး ရွာသွန်းဖြိုး၍
နိုင်ပါစေသတည်း။

(၃)ကောင်းကင်၌ ပျံသန်းသွားလာနေကြကုန်
သော ငှက်အစရှိသော သတ္တဝါအပေါင်းတို့၏
အသွေးအသားများကို မစားမသောက် မေတ္တာ
ရောက်၍ ရှောင်ကြဉ်ရသော စေတနာကြောင့်
ကောင်းကင်အဝှန်းကဲ့သို့ ပိတ်ပင်တားဆီးခြင်း
ကင်းသော ဝိဇ္ဇာဥာဏ်အလင်းဓါတ်ကို ရရှိ၍
သစ္စာလေးပါး မြတ်တရားတို့ကို ထိုးထွင်းသိမြင်
နိုင်ရပါစေသတည်း။

(၄)သတ္တဝါအများ ချမ်းသာပွါးများအောင် ကြိုးစား
ဆောင်ရွက်ရသော စေတနာကြောင့် ဘဝဆက်ခါ
ဗြဟ္မာနတ်လူ သတ္တဝါအပေါင်းတို့၏ အလယ်၌
ပညာရောင် ဥာဏ်ရောင် တန်ခိုးရောင်တို့ဖြင့်
ထွန်းလင်းတောက်ပနိုင်ပါစေသတည်း။

(၅)ဥစ္စာအားပညာအားဖြင့်၎င်း သတ္တဝါအပေါင်း
တို့၏ မှီခိုအားထားကိုကွယ်ရာ ဖြစ်ပါစေသတည်း။
(သဗ္ဗညုတဥာဏ်*)နှင့် နိဗ္ဗာန်ကို ရည်ရွယ်တောင့်
တသော စိတ်အလိုဆန္ဒကိုလဘဝဆက်ခါ ပြည့်စုံ
နိုင်ပါစေသတည်း။
                            
               ကောင်းကျိုးလိုရာဆန္ဒပြည့်စုံကြပါစေ*
                               

#ငြိမ်းချမ်းပါစေ

အနတ္တလက္ခဏ

ကပ္ပအသင်္ချေ
သိန်းနေစွန်းလတ်
ဖြည့်ကျင့်အပ်ပါရမီ
ဆယ် ဆယ်ဖြာစုံညီစွာဖြင့်
သမ္ဘ္ဘ္ဘာဥာဏ်ရင့်၍
အခါသင့်ပွင့်ရှာကြ
စောဗုဒ္ဓဘဂဝါတို့ပင်
သင်္ခါနယ်မလွန်ဆန်ချင်ပါဘူး
အတ္တကိုအထူးဖယ်ခွါ
အနတ္တလက္ခဏာကိုလ
ဟောကြားတော်မူကြပါ၏………

ဤသို့ဆိုငြား
စီးပွါးဥစ္စာ
ရွှေငွေရတနာ
ပြည်ရွာတိုင်းကား
သူဌေးသူကြွယ်
ပဒေသရာဇ်
ဧကရာဇ်စင်္ကြာမန္ဓတ်
ထိုဆိုအပ်သောစည်းစိမ်ချမ်းသာတို့သည်
အဘယ်ကာလမျှ
ရှည်ကြာစွာခံစားရမည်နည်း။          ။
                             

#ငြိမ်းချမ်းပါစေ

ဒုဋ္ဌဂါမဏိသစ္စာအဓိဋ္ဌာန

ဒုဋ္ဌဂါမဏိသစ္စာအဓိဋ္ဌာန်

ငါတည်းတစ်ယောက်
ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ်
အားမထုတ်ဘူး…………
ဗုဒ္ဓမြတ်စွာ
သာသနာသည်
ရှည်ကြာခံ့ခံ့
မြင့်မိုရ်တံ့သို့
ကြံ့ကြံ့ခိုင်ကျည်
စက်ရောင်ခြည်ဖြင့်
ငြိမ်းချမ်းကြစေ
ငါ့သက်သေလည်း
မနေဆုတ်နစ်
ရန်သူစစ်ကို
ခုတ်ထစ်ပိုင်းလွှား
ငါစွန့်စားသည်
တရားသောစစ်မြေအောင်ပွဲတည်း။        ။
                        

#ငြိမ်းချမ်းပါစေ

ဘာသာကြီးလေးခုတို့ အထွတ်အမြတ်ထားရာ သုမနကုဋတောင် ခေါ် စရိပါဒတောင်

ဘာသာကြီးလေးခုတို့ အထွတ်အမြတ်ထားရာ
သုမနကုဋတောင် ခေါ် စရိပါဒတောင်

                ဘုရားရှင်ရှစ်ဝါမြောက် သီရိလင်္ကာသို့
ကြွရောက်တော်မူ၍ သုမနကုဋ တောင်သို့
ရောက်စဉ် သုမနနတ်မင်းတောင်းပန်မှုကြောင့်
ဝဲဖက်ခြေတော်ရာတစ်ဆူကို ချထားပေးတော်
မူသည်။
             ဘုရားရှပရိနိဗ္ဗာန်ဝင်စံသောနေ့တွင်
အိန္ဒိယပြည်မှ ဝိဇယမင်းသားသည် စစ်ရှုံး၍
ယခုသီရိလင်္ကာနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်
လာပြီးတပ်စခန်းချနေထိုင်ရာမှ သီရိလင်္ကာနိုင်
ငံဖြစ်လာသည်။
                ၎င်းတောင်ထိပ်ရှိခြေတော်ရာကို
ခရစ်ယာန်တို့က ဦစွာတွေ့ရှိသည်ဟုဆိုကြ
လျက် ၎င်းခြေရာမှာလည်း စိန့် သောမတ်
(St-Thomas)၏ခြေရာအဖြစ်လည်းကောင်း
(သီဟိုဠ်သားတို့က ခရစ်ယာန်တို့ထက်စော
စွာ BEC-1st တွင်တွေ့ကြောင်း)
                  ဟိန္ဒူဘာသာဝင်တို့က သူတို့နတ်
ဘုရားကြီး၏ခြေရာအဖြစ်လည်းကောင်း မွတ်စ
လင်တို့က အာဒံ(Adam)၏ ခြေရာအဖြစ်လည်း
ကောင်း  အသီးသီး ကိုးကွယ်ကြသော ခြေတော်
ရာဖြစ်သည်။
                 တောင်၏အမည်ကို (Adoms -Sri
Pada )ဟု ခေါ်ပြီး ၎င်းခြေတော်ရာကို
(Sri Pada-sacred foot print) ဟုခေါ်ကြသည်။
                  တတ်သိသလောက် ရေးသားခြင်းပါ။

"ဆရာဇော်ဂျီရဲ့ ထလော့မြန်မာ"ကဗျာ

"ဆရာဇော်ဂျီရဲ့ ထလော့မြန်မာ"ကဗျာ

ထလော့မြန်မာ   အိုမြန်မာတို့
ဒို့ရွာဒို့မြေ            ဒို့ရွာမြေဝယ်
စေတီစပါး           များလည်းများ၏။

များပါလေလည်း  တမွဲမွဲနှင့်
ဆင်းရဲကသာ       ကာလကြာလျှင်
ရာဇာ့ကာမျိုး         တညိုးညိုးနှင့်
စေတီမြင့်ဟောင်း  ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်  မစားလေရဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင်           ရှိမည်တည်း။

ထလော့မြန်မာ            အိုမြန်မာတို့
ဒို့ရွာဒို့မြေ                     ဒို့ရွာမြေဝယ်
ရေချိုသောက်ရန်         မြစ်ချောင်းကန်နှင့်
သီးနှံချိုပြား                   များလည်းများ၏။

များလေဘိလည်း           တမွဲမွဲနှင့်
ဆင်းရဲကသာ                 ကာလကြာလျှင်
မြင်သာမြင်ရ                  မစားရ၍
လောကပြိတ္တာ               ဖြစ်မည်တည်း။

ထလော့မြန်မာ                မြန်မာထလော့
အားမပျော့နှင့်                 မလျော့လုံ့လ
ကိုယ်ကစ၍                    ငါကအားလုံး
လက်ရုံးများမြောင်           ဥာဏ်များမြောင်နှင့်
ဆောင်ကြလေ                ဆောင်ကြလေလော့
ဤမြေဤရွာ                   ဘယ်သူ့ရွာလဲ
ဤသာသနာဟာ            ဘယ်သူ့သာသနာလဲ
ထလော့တာဝန်              ကျေလော့လုပ်ငန်း
ဥာဏ်ရှေ့မှန်းလျက်         တဝမ်းတစိတ်
                                       ညီစေသတည်း။

                                   #ငြိမ်းချမ်းပါစေ

(စိနတိုင်း ခေါ် တရုပ်ပြည် အထက်လက်ဝဲ စွယ်တော်မြတ်သမိုင်း)

(စိနတိုင်း ခေါ် တရုပ်ပြည် အထက်လက်ဝဲ စွယ်တော်မြတ်သမိုင်း)

                   တေဇောဓါတ်လောင်ကျွမ်းပြီး ကြွင်း
ကျန်သော ဓါတ်တော်မွေတော်များကို ဝေခြမ်း
သော ဒေါနပုဏ္ဏားကြီးသည် အထက်လက်ဝဲစွယ်
တော်မြတ်ကို မိမိ၏ ကိုယ်ရုံ အဝတ်ကြား၌ ဝှက်
ထားရာ ဂန္ဓာရတိုင်း  ယခုပါက္ကစတန် တိုင်းသား
ရဟန်းတော်တစ်ပါးက မိမိပရိသတ်နှင့် ဝိုင်းရံပင့်
ဆောင်သွားပြီး ဦးစွာ စံပယ်ခဲ့သည်။
                     ထို့နောက် ပါကစ္စတန်နိုင်ငံ သိန္ဓမြစ်
ကမ်း ယခု တက္ကသီလာ Texila မြို့အနီးတွင်စေ
တီတည်ထား ကိုးကွယ် ခဲ့သည်။  တက္ကသီလာ
သည် အစ္စလမ္မာဘတ်မြို့တော်မှ အနောက်ဖက်
ကားဖြင့်သွားလျှင် တစ်နာရီကျော်ခန့်သာ သွား
ရပြီး ကိုးတိုင်းကိုးဋ္ဌာန သာသနာပြုစေလွှတ်ရာ
နယ်မြေအဖြစ်လည်းပါဝင်ခဲ့သည်။အိန္ဒိယနိုင်ငံ
ဗာရာဏသီမြို့နှင့် ယူဇနာ ၂၀၀ ကွာဝေးသည်။
                         ထို့နော် ဗုဒ္ဓမြတ်စွယ်တော်သည်
ယခုပါကစ္စတန်မှတစ်ဆင့် နယ်မြေချင်း ထိစပ်နေ
သော တရုပ်နိုင်ငံ ရှင်ကျန်းပြည်နယ် ဟေထရန်း
ခရိုင်ခိုတန်မြို့သို့ ရောက်ရှိခဲ့ပြီး တရုပ်တောင်
ပိုင်း Nan Chao နန် ချောင် မင်းဆက်ကာလ တ
ရုပ်ဘုန်းတော်ကြီး ဖာရှန်း (fa xian) အေဒီ
(424-498)က စွယ်တော်မြတ်အား ခိုတန်အရပ်
မှ တရုပ်တောင်ပိုင်း ချီမင်းဆက်မြို့တော်
နန်ကျင်းသို့ ပင့်ဆောင်ခဲ့သည်။
                      ၎င်းနောက် ဆွေမင်းဆက်လက်
ထက်တွင် တရုပ်တစ်နိုင်ငံလုံးအား စည်းရုံးသိမ်း
သွင်းပြီးနောက် ချန်အမ်း ယခု(ရှီးအမ်း Xian)သို့
ပင့်ဆောင်သွားသည်။
                        ထို့နောက် တရုပ်မင်းဆက်(5)
ဆက်ကာလ (10)ပြည်ထောင်စုခေတ်တွင် တရုပ်
အလယ်ပိုင်း ဒေသများမှာ တရုပ် ချောင်ထရယ်
မင်း လက်အောက်သို့ကျရောက်ခဲ့ပြီး စွယ်တော်
မြတ်မှာလည်း နေရာတစ်ခုမှ   တစ်ခုသို့ ရွေ့
ပြောင်းခဲ့ရသည်။ လျောင်မင်းဆက်လက်ထက်
တွင် yan jing ယန်ကျင်းမြို့ ယခု(Beijing)
ပေကျင်းမြို့သိုရောက်ရှိခဲ့သည်။
                          
                   လျောင်မင်းဆက်အကြောင်းရေး
သားထားသည့် မင်းဧကရာဇ် တောက်ကျုံး
(Emperor Dao Zong)၏ အတွဲ ၂၂ တွဲပါ မှတ်
တမ်းများ အရ ဗုဒ္ဓ စွယ်တော်မြတ်သည် ခရစ်
သက္ကရာဇ် ၁၀၇၁ ခုသြဂုတ်လတွင် ကျောင်းရှန်
(Zhao Xian) စေတီတွင် ကိန်းဝပ်စံပယ်ကြောင်း
သိရသည်။
                   
                 ၁၉၀၀ ပြည့်နှစ်တွင် ပြည်ပနိုင်ငံ ရှစ်
နိုင်ငံမှ ပူးပေါင်း၍ တရုပ်နိုင်ငံအား ကျူးကျော်
သိမ်းပိုက်ရာ ရှေးဟောင်းအမွေအနှစ်များစွာ ပျက်
စီးဆုံးရှုံးခဲ့သည်။ ကျောင်းရှန်စေတီနှင့် လင်ကွမ်း
ဘုရားကျောင်းတို့မှာ ဆင်ခြေဖုံး အရပ်တွင်တည်
ရှိသောကြောင့် အမြောက်ဒဏ် ဗုံးဒဏ် အနည်း
ငယ်သာ ခံခဲ့ရသည်။    ဘေးရန်များကင်းဝေးပြီး
နောက်ဘုန်းတော်ကြီးတို့စေတီတော်အားရှင်း
လင်းကြစဉ် စေတီတော်အောက်ခြေ မြေအောက်
မှ ကျောက်သားသေတ္တာတစ်လုံးကိုတွေ့ရပြီး၎င်း
ကျောက်သေတ္တာအတွင်းမှ စန္ဒကူးအသားဖြင့်ပြု
လုပ်ထားသော သေတ္တာတစ်လုံးကိုထပ်မံတွေ့ရှိ
ကြရာ သေတ္တာပေါ်တွင် အောက်ပါစာတမ်းကို
တွေ့ရှိရသည်။
                     စကြာမုနိဘုရားရှင်၏ အံ့ချီးဖွယ်ရာ
မြတ်စွယ်တော် -ရေးသားသူ ရှန်းဟွေ့(Shan Hwi) ၄ လပိုင်း ၂၃ ရက် တရုပ် ထရန်းဟွေ့နှစ်
(၇)"       တရုပ်ပြည်မြောက်ပိုင်း ဟန်မင်းဆက်
အသုံးပြုသော (၉၆၃)ခုနှစ်ဖြစ်သည်။

                         "Holy tooth-relic of the lord
Buddha Shakya Muni; written by Shan Hwi 'ob the twenty third day of the four
month 'of the seven year (Thihiu).
သေတ္တာပေါ်တွင်ရေးထိုးထားသည့် အမည်မှာ
တရုပ်မင်းဆက် ၅ ဆက်ကာလ အတွင်းဟန်မင်း
နယ်မှ တရုပ်ဘုန်းတော်ကြီးအမည်ဖြစ်ပါသည်။

                         ယခုဖေါ်ပြထားသောပုံတော်မှာ
ကရင်ပြည်နယ်ဘုရားသုံးဆူနယ်စပ်ဒေသမှ ဖူး
တွေ့ခဲ့ရသော စွယ်တော်မြတ်ဖြစ်ပါသည်။
                                      

#ငြိမ်းချမ်းပါစေ

နွားမိုက်

ဘဝ အနှစ်ကိုရှာ
သမုဒယသစ္စာနဲ့
ဒုက္ခသစ္စာ
ကူကယ်ရာနတ္ထိ
ဇာတိအစ သံသရာ အဆုံး
အဝိဇ္ဇာ တဏှာထုံးချည်တော့
ရုန်းပေပေါ့ ထွန်တုံးမှာ
နွားမိုက်မှာ မောနိုင်ရှာပေဘူး#

#ငြိမ်းချမ်းပါစေ

မတ်ဗုဒ္ဓအထက်လကျာ်စွယ်တော်နှင့်ပတ်သက်၍

မြတ်ဗုဒ္ဓအထက်လကျာ်စွယ်တော်နှင့်ပတ်သက်၍

                အထက်လကျာ် စွယ်တော်သည်
တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်၌
ညှပ်ရိုးတော်နှင့်အတူ ဋ္ဌာပနာကြောင်း ရှေးဗုဒ္ဓဝင်
စာပေများ၌ ဖေါ်ပြထားသည်။

သုတေသီတို့အဆို

                    အိန္ဒိယနိုင်ငံ Salsette ကျွန်းပေါ်ရှိ
Bombay မြို့မြောက်ဘက် မိုင် 20ကျော်ကွာဝေး
သော Kannari လိုဏ်ဂူကိုတောင်များခြံရံလျက်
တွေ့ရပြီး စေတီတော်များလည်းရှိသည်။
                      ယင်းတို့အနက် ကျောက်သားစေ
တီတော်တစ်ဆူတွင် ဋ္ဌာပနာထားခဲ့သည်ဟုယုံ
ကြည်ကြသည်။(ဒန္တဇ-ဇသိလာသန-ဓါတုယ လေဏ)ဟူသော ကျောက်စာကဗျာတိုကိုအ
ကြောင်းပြု၍ သက်သေပြကြသည်။

#ငြိမ်းချမ်းပါစေ

ဝိဇ္ဇာသာနွဲ့

ဥသြတွန်သံ ကြိုးကြာသံ
ဟင်္သာတို့ လည်းပျော်တဲ့သံ
ဝိဇ္ဇာသာနွဲ့ လာပါကွဲ့
ဥဒေါင်းငိုပွဲဖွဲ့။

#ငြိမ်းချမ်းပါစေ

"ဘုရားရှင် ပါလိလေယျတောအုပ်သို့ တစ်ပါး တည်းကြွသွားတော်မူခြင်း"

"ဘုရားရှင် ပါလိလေယျတောအုပ်သို့ တစ်ပါး
တည်းကြွသွားတော်မူခြင်း"

(၉)ဝါမြောက် သောဝါကို ကောသဗ္ဗီပြည်တွင် ဝါဆိုလေသည်။ မြတ်ဗုဒ္ဓ၏ သက်တော်သည်လည်း (၄၃)နှစ် သို့ရောက်လာတော့လေသည်။ ကောသဗ္ဗီပြည်တွင် သတင်းသုံးရင်း ဘာမဟုတ်သည့်ကိစ္စနှင့် သံဃာများအချင်းများမှု ဖြစ်ပေါ်လာလေတော့သည်။

မြတ်ဗုဒ္ဓသည် ရဟန်းသံဃာတို့သည် ကုဋီ(အိမ်သာ) တက်ရာတွင် ခွက်၌ ရေကြွင်းရေကျန် မချန်ခဲ့ရဟု စည်းကမ်းထုတ်ထားလေသည်။ (ဝိနည်းပါဌိတော် စူဠဝဂ္ဂ)
အာပါတ် (၇)မျိုးတွင် အသေးဆုံးဖြစ်သည်။

သုတ္တန် (မြတ်ဗုဒ္ဓပါရမီဖြည့်ကျင့် စဉ်ကြုံတွေ့ရသော ဘဝအမျိုးမျိုး) ဆောင်ရဟန်းသည် ကုဋီသုံးပြီးတော့ ရေချန်ကာ ထွက်လာလေသည်။ ထိုရဟန်းနောက်မှ ဝိနည်း (မြတ်ဗုဒ္ဓ ထုတ်ပြန်ထားသော စည်းကမ်းများ) ဆောင်ရဟန်း သည်ကုဋီသုံးရန် ဝင်သော် ရေခွက်ထဲတွင် ရေကျန်နေသည်ကို တွေ့ရလေသည်။

ထိုစည်းကမ်းရှိသည်ကို ဝိနည်းဆောင်ရဟန်းက "ဒီရေတွေ ကိုယ်တော်ချန် ထားတာလား"ဟုမေးလိုက်လေသည်။

သုတ္တန်ဆောင်ရဟန်း- "ဟုတ်တယ်"

ဝိနည်းဆောင်ရဟန်း- "အရှင် အဲ့လို ကုဋီသုံးပြီးရင် ရေမချန်ရတာ မသိဘူးလား"

သုတ္တန်ဆောင်ရဟန်း - "မသိလို့ ချန်မိတာပါ၊ အပြစ်ရှိရင်တော့ အာပတ်ဖြေပါ့မယ်"

ဝိနည်းဆောင်ရဟန်း - "မသိရင်တော့ အပြစ်မရှိပါဘူး" ဟုဆိုကာ နေလိုက်ကြလေသည်။

သို့သော် ဝိနည်းဆောင်ရဟန်းသည် နှုတ်မဆောင့်ဘဲ တပည့်တွေကို "တပည့်တို့ရေ ဝိနည်းထဲမှာ ကုဋီသုံးပြီးရင် ခွက်ထဲမှာ ရေကျန်မထားရဘူးနော် ဒါကိုသိဖို့လိုတယ် ဟိုကိုယ်တော်ကတော့ အဲ့ဒါလေးတောင်မသိဘူး" ဟုဆိုကာ ထည့်သွင်းပြောကြားမှု ပြုလုပ်လေသည်။

ဝိနည်းဆောင်ရဟန်း တပည့်များက သုတ္တန်ဆောင်ရဟန်း၏ တပည့်များကို "မင်းတို့ဆရာက ဒါလေးတောင်မသိဘူးလား "ဟု ကဲ့ရဲ့မှုပုံစံမျိုး လုပ်လာကြသည်။

ထိုအခါ သုတ္တန်ဆောင်ရဟန်း၏ တပည့်များက သူ၏ဆရာကို "ဆရာ ဆရာ့ကို ဝိနည်းဆောင်ရဟန်းက ကုဋီသုံးပြီး ရေချန်ခဲ့လို ဒါလေးတောင် မသိရကောင်းလား အပြစ်လုပ်တဲ့ရဟန်း ဆိုပြီးပြောနေကြတယ်"ဟု ပြောကြားကြလေသည်။

ဝိနည်းဆောင်ရဟန်းက ဒေါသအတန်ငယ်ဖြစ်သွားပြီး "ဟ..ဒီကိစ္စက သူ့အရှေ့မှာတင်ဖြစ်တာ အမှတ်တမဲ့ဆို အပြစ်မရှိဘူးဆိုလို့ အာပတ်မဖြေတာ ခုမှငါ့ကို အဲ့လိုပြောတယ်ဆိုရင်တော့ ဒီကိုယ်တော် လူလိမ်ဘဲ"ဟု သမုတ်လေတော့သည်။

တစ်ဖက်က ဒါလေးတောင်မသိဘူးလား လူအ၊
တစ်ဖက်က ဒါလေးကို ဒီလိုပြောရသလား လူလိမ် ဟု အပြန်အလှန် စွပ်စွဲကြကုန်တော့သည်။

ထိုနောက်ရဟန်းတို့သည် လူစုပြီး သုတ္တန်ဆောင်ရဟန်းထံ သွားကာ "အရှင်ဘုရား အပြစ်လုပ်ထားတာရှိပါသလား"ဟု မေးကြလေသည်။

သုတ္တန်ဆောင်ရဟန်းက "ငါ့ဘာအပစ်မှ မလုပ်ထားဘူး အာပတ်ဖြေစရာ တစ်ခုမှမရှိ"ဟုပြန်ပြောလေသည်။

သုတ္တန်ဆောင်ရဟန်း သည်လည်း လိမ်လည်ခြင်းသဘောမဟုတ် ဝိနည်းဆောင်ရဟန်းက "မသိလို့လုပ်မိရင်တော့ အပြစ်မရှိပါဘူး" ဟုသောစကားကြောင့် သူ့တွင် အပြစ်မရှိဟု ယူဆထားခြင်း ဖြစ်သည်။

သုတ္တန်ဆောင်ရဟန်းကို အာပတ်ရှိပြီး အာပတ်မဖြေဘူး ဟုကျန်ရဟန်းများကို လိုက်စုရုန်းကာ ဆွမ်းဘုန်းလျှင်အတူတူမဘုန်း အဆောင်ထဲနေ အတူတူမနေ စကားလဲမပြော တစ်ပါးထဲကြဉ်လိုက်ကြသောအခါ ပြသနာသည် ပိုမိုကြီးမားလာတော့သည်။    

ထိုသုတ္တန်ဆောင်ရဟန်းသည်လည်း မြတ်ဗုဒ္ဓ၏တရားများကို နှုတ်တိုက်ရသူဖြစ်သည် ဗဟုသုတစုံသည် ပညာစုံသည် မဟုတ်တာမလုပ် ထိုဝိနည်းကိုလည်း သိ၍ချိုးဖောက်သည်မဟုတ် ဝိနည်းအထူးပြု မဟုတ်သဖြင့် ထိုအချက်ကို ချွတ်ချော်သွားခြင်းသာဖြစ်သည်။ ကောင်းမွန်သော ဂုဏ်ထူး ဝိသေသများနှင့် ပြည့်စုံသူဖြစ်သည်။

ထိုသို့ အကြဉ်ခံရသည့်အချိန်တွင် သူနှင့်အတူ တရားကျင့်ဖော်ကျင့်ဖတ် သူငယ်ချင်းရဟန်းများကို လိုက်လံရှင်းပြလေသည်။ သူသည်မသိ၍လုပ်မိကြောင်း အာပတ်ကိုလည်း အထူးဂရုစိုက်ကြောင်း နှင်ထုတ်ထိုက်တဲ့ ပုဂ္ဂိုလ်လဲမဟုတ်ဘူး အကြောင်းအကျိုးစီလျော်မှု မရှိတဲ့ စွပ်စွဲချက်နဲ့ လုပ်တဲ့အတွက် အရှင်ဘုရား တပည့်တော်ဘက်က ထောက်ခံပေးကြပါ။ ထိုသို့ ပြောပြ ရှင်းပြသောအခါ ဟုတ်တယ် ဒါမတရားဘူး ဒီလိုလုပ်တာမကောင်းဘူး ဆိုကာ သုတ္တန်ဆောင်ရဟန်း ဘက်တွင် ရဟန်းသံဃာများ ပြန်လည်စုစည်းမိလာကြသည်။

ထိုသုတ္တန်အဖွဲ့သည် ခုနက ဝိနည်းအဖွဲ့ကို မဟုတ်ကြောင်း ဒီလိုနှင်မထုတ်သင့်ကြောင်း သွားရောက်ပြောကြားသော် ဝိနည်းအဖွဲ့မှလည်း မဟုတ်ကြောင်း အပြစ်ရှိလို့ ရှိသည်ဟုပြောခြင်းဖြစ်ကြောင်း ထိုဝိနည်းသည် တကယ်ရှိကြောင်း ပြန်ပြောလေသည်။

ထိုဘာမဟုတ်သည့် ကိစ္စအသေးအမွှားမှ စ၍ သံဃာများ နှစ်ဖွဲ့ကွဲကုန်ကြတော့သည်။ထိုကိစ္စမှစ သံဃပရိတ်သတ်များသည်လည်း နှစ်ဖွဲ့ကွဲကုန်ကြတော့သည်။

ရဟန်းတစ်ပါးက မြတ်ဗုဒ္ဓကို ထိုကိစ္စလျှောက်သော် "ရဟန်းတွေ သံဃာတွေ ကွဲကုန်ကြပါလား" ဟုရေရွတ်ပြီး ထိုနေရာမှ ချက်ချင်းထကာ နှင်ထုတ်သောသံဃာများထံ သွားလေသည်။ မြတ်ဗုဒ္ဓကြွလာသော နေရာထိုင်ခင်း လုပ်ပေးကြလေသည်။ မြတ်ဗုဒ္ဓလည်း ထိုနေရာတွင် ထိုင်ကာ ဝိနည်းဆောင်ရဟန်းနှင့် အဖွဲ့သားများကို "အေး...ဘာမဟုတ်တဲ့ ကိစ္စလေးကနေစပြီး ငါသိတယ် ငါတက်တယ်ဆိုပြီး သံဃာတစ်ပါးကို နှင်ထုတ်ဖို့ မကြံကြနဲ့ ညီညွှတ်မှုမဖြစ်စေဘူးဆိုရင် မလုပ်သင့်ဘူး" ထိုသို့ဆုံးမပြီးနောက် သုတ္တန်ဆောင်သံဃာနှင့် အဖွဲ့သားများထံ ကြွသွားလေတော့သည်။

သုတ္တန်ဆောင်ရဟန်းများထံ ရောက်သော် "ရဟန်းတို့ ငါတို့ အာပတ်မသင့်ဘူး အာပတ်မသင့်ဘူးဆိုပြီး မကုစားတာမျိုး မလုပ်ကြနဲ့ မနေကြနဲ့ သံဃာတွေ စိတ်ဝမ်းကွဲဖို့ ဖြစ်လာတယ်ဆိုရင်တော့  အာပတ်မသင့်ဘူးဆိုပြီး တင်းခံမနေပါနဲ့  တစ်ဖက်သားစိတ်ချမ်းသာအောင် အာပတ်ကုစားလိုက်ကြပါ" ဟုဆိုကာ ဆုံးမလိုက်တော့လေသည်။

နှစ်ဖက်စလုံး မျှမျှတတ ဘယ်သူ့ဘက်မှ မလိုက်ဘဲ ဆုံးမတော်မူခဲ့သည်။

ဥပုတ်နေ့ ရောက်လာသောအခါ သုတ္တန်ဆောင်ရဟန်းကိုအားပေးသော ရဟန်းအဖွဲ့သည် သိမ်ထဲတွင် ဝတ်ပြုသည်ကို တွေ့သောအခါ ဝိနည်းဆောင်ရဟန်းအား အားပေးသော ရဟန်းအဖွဲ့သည် သိမ်အပြင်တွင် ဝတ်ပြုကြလေသည်။ ထိုနေ့မှာတွင် ဥပုတ်သည် နှစ်ခုကွဲသွားလေတော့သည်။

ထိုသို့သိမ်ခွဲပြီး ဝတ်ပြုကြသည်ကို မြတ်ဗုဒ္ဓထံ သွားရောက်ပြောကြားရာ မြတ်ဗုဒ္ဓက "အေး သိမ်ထဲမှာဘဲ ဝတ်ပြုပြု သိမ်ပြင်ဘဲဝတ်ပြုပြု ဝတ်နည်းစည်းကမ်းနဲ့ ညီရင်တော့ ဝတ်ပြုရာရောက်ပါတယ်၊ ဒါပေမယ့် နှစ်ဘက်စလုံးက ဆက်ဆံမှုခွဲထားတဲ့ သဘောကြောင့်သာ သိမ်ပြင် သိမ်ထဲ ကွဲသွားကြတာပါ "ဟုဆိုကာ ဘယ်သူ့ဘက်မှ မလိုက်ဘဲ ပြန်မိန့်လိုက်လေသည်။

ထိုရဟန်း နှစ်ဖွဲ့သည် ထိုမျှနှင့် မရပ်သွားသေးဘဲ တစ်ဖက်နှင့်တစ်ဖက် နှုတ်အားဖြင့် လည်းကောင်း လက်နှင့် တွန်းထိုးဖယ်ရှားမှုများ အဖြင့်လည်းကောင်း ဖြစ်လာကြတော့သည်။

ထိုအခါ မြတ်ဗုဒ္ဓက "အေး...ဒီလိုမတည့်ဘူးဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် လက်လှမ်းမမှီလောက်တဲ့နေရာမှာ နေကြရမယ်"ဟု မိန့်လိုက်လေသည်။

ထိုမျှမပြီးသေး ဆွမ်းစားဆောင်တွင်လည်း ဆူညံဆူညံ ဖြစ်လာကြတော့လေသည်။ "တစ်ဦးနှင့်တစ်ဦး သည်းခံခွင့်လွှတ်ပြီးနေကြ၊ ရန်ကိုရန်ခြင်း မတုံ့နှင်းကြနဲ့"ဟု ဆိုကာ ငြိမ်းချမ်းရေးတရားများကိုသာ တောက်လျှောက် ဟောကြား ဆုံးမလေသည်။

သို့သော်ထို မပြေလည်မှုက မလျော့ကြသွားပေ။ နောက်ဆုံး မြတ်ဗုဒ္ဓသည် ဆက်လက်ဆုံးမခြင်း မပြုတော့ဘဲ တစ်ပါးထဲ နာလန္ဒသူဠေးကြီး ဥပါလိ၏ ဆားချက်သောရွာငယ်လေးသို့ ထွက်သွားတော်မူလေသည်။ ထိုရွာသို့ရောက်သော် ပဂုဟုခေါ်ဆိုသော ကိုယ်တော်ကို တရားဓမ္မ ဟောကြားလေသည်။

(မဆုံးမနိုင်တော့သဖြင့် ရှောင်ထွက်သည်မဟုတ် တစ်ယောက်နှင့်တစ်ယောက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်ဆောင်နေပြီး စိတ်မလျှော့သေးသမျှ ဆုံးမမှုသည် နားမဝင်နိုင်၊ တဖြည်းဖြည်း ထိုကိုယ်တော်များသည် သူတို့၏ လုပ်ရပ်ကို နောင်တရလာမည်ကို သိစေလိုသောကြောင့် ဖြစ်သည်)

ထိုမှတစ်ဆင့် အရှေ့ဝါးတောရှိရာအရပ်တွင် တစ်ယောက်နှင့်တစ်ယောက် အင်မတန်ညီညွတ်သော ရှင်နန္ဒိယ၊ ရှင်အနုရုဓ္ဒါ၊ ရှင်ကိမိလ တို့နေထိုင်ရာ နေရာသို့ကြွတော်မူလေသည်။

ထိုအရှင် သုံးပါးကိုလည်း မည်ကဲ့သို့ ညီညွတ်အောင်နေသနည်း ဟုမြတ်ဗုဒ္ဓက မေးလေသည်။ ငါ့ဖြစ်ချင်တာဖယ် သူဖြစ်ချင်တာငါလုပ်ပေးမယ် ဆိုတဲ့စိတ်နဲ့ သုံးယောက်အတူတူ တွေးကာ လုပ်ဆောင်ကြခြင်းကြောင့် ညီညွတ်ခြင်းဖြစ်သည်ဟု ပြန်ရှင်းပြလေသည်။

(လောကတွင်လည်း သူ့ဆန္ဒကိုယ့်ဆန္ဒ အပြန်အလှန်ကြည့်မှ ညီညွတ်မည်သာဖြစ်သည်)

(ဤအပိုင်းတွင် မြတ်ဗုဒ္ဓ၏ အထ္တုပတ္တိ သဘောမျိုး မဟုတ်ဘဲ မြတ်ဗုဒ္ဓသည် သုတ္တန်ဆောင်ရဟန်းနှင့် ဝတ်နည်းဆောင်ရဟန်း နှစ်ဦး ပြသနာမှစ၍ သံဃာနှစ်ဖွဲ့ ကွဲသွားမှုကို အကြောင်းပြုပြီး ဟောကြားခဲ့သော တရားကို ရေးသားမည်ဖြစ်သည်)

လူတို့၏ သဘောသည်ကား မတည့်သောဘက်သို့ ဦးတည်သွားသည်သာ ဖြစ်သည်။ တည့်နေလျှင် မတည့်အောင် မတည့်လျှင် ပိုမတည့်အောင် လုပ်ဆောင်ကြသည့် သဘောရှိသည်။

ထို့အပြင် တစ်ယောက်နှင့် တစ်ယောက် သူ့ထက်ငါ အနိုင်ရရှိရေး အတွက် စကားတစ်လုံးကအစ အတင်မခံ အနိုင်မခံအရှုံးမပေး ပြန်ပြောလေ့ ရှိကြသည်။ ပြောရင်းပြောရင်းနှင့်ပင် လက်ပါလာ တက်ကြသည်။

မြတ်ဗုဒ္ဓကား ပညာဥာဏ်ကြီးသူပီပီ ထိုသို့အသိဥာဏ်နဲသော လူများကဲ့ငို့ မလုပ်ဆောင်၊ ကဲ့ရဲ့ခံရသမျှ မဟုတ်လျှင်မဟုတ်ကြောင်း အခြေအနေ အချိနိအခါကို လိုက်၍ဒေါသဖြစ်ခြင်း မရှိသည့်အပြင် မေတ္တာဖြင့်သာ စွပ်စွဲလာသူများကို ရန်ရှာလာသူမှန်သမျှကို အနိုင်ယူလေသည်သာဖြစ်သည်။

အဓိကမှာ ဒေါသနှင့် မာနသာ ဖြစ်တော့သည်။ အလျော့မပေးနိုင်သော ဂုဏ်မောက်သော မိမိကိုယ်ကို အထင်ကြီးဝင်စိတ် နင်ဘာလဲ ငါဘာလဲဟု ထင်နေသည့် မာန ကိုမှီ၍ အလိုမကျမှုဖြစ်သော အော်ဟစ်ခြင်း ခွန်းတုန့်ပြန်ခြင်း ဆဲဆိုခြင်း ကုန်းတိုက်ခြင်း ရန်ရှာခြင်း စသော ဒေါသများဖြစ်လာကြတော့သည်။

လူတို့အနေဖြင့် သြော်...မြတ်ဗုဒ္ဓတောင် အစွပ်စွဲခံရ အဆဲခံရသေးတာဘဲ ငါဘာဆန်းသလဲ အချိန်တတ် သူ့အကုသိုလ် သူယူသွားမှာဘဲ ဟုတွေးတောသတိကပ်ရန် လိုပေသည်။

ထိုကဲ့သို့ အညိုးအများ ရှိနေသမျှ  ကာလပတ်လုံး အသင်းအဖွဲ့ အစုအဖွဲ့တို့သည် မညီမညွှတ်ဘဲ ရှိတော့မည်သာဖြစ်သည်။်

ရှေးယခင်က ကာသိတိုင်းသည် ဗာရာဏသီမြို့တွင် အခြေစိုက်ပြီး ကောသလတိုင်း သည် သာဝထ္တိမြို့တွင် အခြေစိုက်လေသည်။ ထိုအခါက ထိုတိုင်းနှစ်တိုင်းတွင် ဘုရင်နှစ်ဦးအုပ်ချုပ်လေသည်။

ထိုတိုင်းနှစ်တိုင်းကို ယှဉ်သော် ကာသိတိုင်းသည် ကောသလ တိုင်းထက် ပို၍ ဥစ္စာပေါကြွယ်ဝသည်၊ စစ်မတ်အင်အား သာလွန်သည်၊ စီးပွားရေးလည်းဖွံဖြိုး တိုးတက်သည်။

ကာသိဘုရင်သည် ကောသလတိုင်းအား ကျူးကျော်တိုက်ခိုက်သော စစ်ပွဲတစ်ခုကို ဆင်နွဲလေတော့သည်။ ကောသလဘုရင်သည် အစစအရာရာ နိမ့်ပါးနေသော အနေအထားကြောင့် စစ်မဖြစ်သေးခင်မှာပင် တိုင်းပြည်မှ ထွက်ပြေးတိမ်းရှောင်သွားသည်။

ဘုရင်မရှိသောကြောင့် အုပ်ချုပ်မှုကင်းမဲ့သော တိုင်းပြည်ကို ကာသိဘုရင်က အလွယ်တကူပိုင်နိုင်ခဲ့သည်။ ဆင်၊မြင်း စသည်တို့အားလည်း ယူသွားသည်။ သုံ့ပန်းများလည်း ခေါ်ဆောင်သွားသည်။ ရွှေ၊ငွေ၊ကျောက်၊သံ၊ပတ္တမြား တို့ကိုလည်း ယူဆောင်ပြီး ကာသိတိုင်းသို့ ပြန်သွားလေသည်။

ကောသလတိုင်း ဘုရင်နှင့် မိဖုရားသည်လည်း ရုပ်ကိုတက်နိုင်သမျှ ဖျက်ကာ ကာသိတိုင်းရှိ အိုးလုပ်တဲ့ဘမိသားစုထံ ပေါင်းအောင်းနေကာ လုပ်ကိုင်ရှာဖွေ စားသောက် ကြသည်။

နောက်ပိုင်းတွင် ကောသလဘုရင်၏ မိဖုရား ကိုယ်ဝန်ရှိလာပြီး စစ်အင်္ဂါလေးပါဖြင့် စစ်ရေးပြသည်ကို ကြည့်ချင်မိလာသည်။ ဓား၊ လှံတို့အား သွေးပြီး ဆေးကြောသောအခါ ထိုဆေးကြောပြီးသည့် ရေကိုသောက်ချင်စိတ် ဖြစ်လာလေသည်။

ထိုအခါ ဘုရင်ကြီးက ကာသိဘုရင်ကြီး၏ ပုရောဟိတ်ကြီးစီ တိတ်တဆိတ်ဆက်သွယ်ပြီး တောင်းဆိုသော ပုရောဟိတ်ကြီးက ကျွန်တော်ဖြစ်အောင် လုပ်ပေးမှမယ် ဟုဆိုကာ ကတိကဝတ်ပြုပြီး မိဖုရားကြီးကိုလည်း တွေ့ချင်သည်ဖြစ်၍ လိုက်လာလေတော့သည်။

မိဖုရားကြီး ကိုမြင်သောအခါ ဗေဒင်ကျမ်းဂမ်များနှင့် တွက်ချက်သော် ဒီသန္ဓေသားဟာ ကောသလဘုရင်ဖြစ်မဲ့ ကလေးဘဲ ဟုဆိုကာ လက်အုပ်ချီပြီး ဥဒါန်းကျူးလေသည်။

ထို့နောက် ပုရောဟိတ်က ဗာရာဏသီ ကာသိမင်းစီ အကျိုးအကြောင်းပြောသော် ခွင့်ပြုလိုက်လေသည်။
စစ်အင်္ဂါလေးပါးနှင့် ပြည့်စုံသော စစ်ရေးပြပွဲလဲကြည့်ခွင့်ရသည်။ ဓား၊လှံ တို့အား သွေးပြီးဆေးကြောထားသည့် ရေကိုလည်း သောက်ခွင့်ရသောအခါ မိဘုရားကြီးသည် အာသာပြေသွားလေတော့သည်။

နောက်ပိုင်းတွင် မင်းသားလေးတစ်ဦး မွေးဖွားလေသည်။ သားကလေးကို စိတ်မချသဖြင့် မိဘများနှင့်အတူနေလျှင် အန္တရာယ်မကင်းမည် စိုးသဖြင့် ရွာအပြင်ဘက်ရှိ ဆရာကြီးတစ်ဦးထံ သွားရောက်ပညာသင်စေသည်။

မင်းသားအရွယ်ရောက်သောအခါ ကောသလဘုရင် နှင့် မိဖုရား ဆင်ခြေဖုံးရွာလေးမှာ အိုးလုပ်ခြင်းဖြင့် လုပ်ကိုင်ရှာဖွေ စားသောင်နေကြကြောင်း သတင်းရရှိသွားလေသည်။

ကောသလဘုရင်၏ ဆံမုတ်ဆိတ် ပြုပြင်သူသည် ကောသလဘုရင်နှင့် မိဖုရား အားရုပ်ဖျက်ထားသော်လည်း မှတ်မိသွားသဖြင့် ကာသိဘုရင်ထံ မျက်နှာလိုမျက်နှာရ လုပ်ကာသွားရောက် သတင်းပေးလေသည်။(ဤသည်မှာလည်း လူတို့လုပ်လေ့လုပ်ထရှိသော အကျင့်တစ်ခုဖြစ်လေသည်)

ထိုသတင်းရသည်နှင့် ကောသလဘုရင်နှင့် မိဖုရားအား သွားရောက်ဖမ်းစေကာ တောင်စွယ်နေကွယ်ရင် သက်စေဟု အမိန့်ချလိုက်သည်။ မသတ်ခင်တွင် မြို့ထဲလှည့်လည်ပြီး လိုက်လံပြသလေသည်။ ထိုအချိန်ဝယ် မင်းသားလေးသည် အဖေနှင့်အမေကို မတွေ့ရတာကြာသဖြင့် တွေ့ချင်သောကြောင့် မိဘများထံ တွေ့ဆုံရန် လာရောက်ချိန်တွင်ဖြစ်သည်။

လမ်းတွင် အမေနှင့် အဖေကို ကြိုးနှင့်တုတ်ကာ ခေါ်ဆောင်သွားသည်ကို တွေ့ရသောအခါ ကြေကွဲခြင်းကြီးစွာ ဖြစ်တော့လေသည်။ ဖခင်လုပ်သူ ကောသလမင်းကြီးလည်း မျက်စိလျှင်သဖြင့်  သားငယ်ကိုတွေ့လေသည်။

ထိုနောက် ဘုရင်ကြီးသည် နောက်မှ ကျာပွတ်နှင့် တစ်ချက်အရိုက်ခံရတိုင်း "သားရေ ဓိကာဝု အရှည်မကြည့်နဲ့ အတိုလည်းမကြည့်နဲ့ ရန်စကိုငြိမ်းအောင်လုပ် ရန်ကိုရန်ခြင်းတုံ့နှင်းရင် ဘယ်တော့မှအဲ့ရန်ကမပြီးဘူး"ဟု ပြောပြလေသည်။

ဖမ်းစီးကြသော အာဏာပါးကွက် သားများသည် ကောသလမင်းကြီးအား သေရမှာကြောက်လို့ ပေါက်တက်ကရအော်နေသည်ဟုသာ မှတ်ယူလိုက်ကြသည်။ နေကွယ်သောအခါ အသတ်ခံ လိုက်ရလေတော့သည်။

သားလုပ်သူသည် မြို့ထဲရှိ မူးယစ်စေသော သေရည်သေရက် တို့ကိုယူဆောင်လာကာ အာနာပါးကွက်သားများအား မူးအောင်တိုက်စေ၏။ မူးပြီးအိပ်ပျော်သွားသောအခါ မိဘနှစ်ပါး၏ အလောင်းကိုကောက်ယူ အပိုင်းအစများကို ပြန်ဆက် ပြီးနောက် သေသေချာချာ မီးသဂြိုလ်ပြီး ရိုရိုသေသေ ရှိခိုးကာ ငိုကြွေးအပြီးတွင် မျက်ရည်သုတ်ကာ တောထဲဝင်ပြီး ပျောက်သွားလေတော်သည်။

ဤကဲ့သို့ပြုမူသည်ကို ကာသိမင်းကြီးသည် နန်းဆောင်တွင် နေရင်း ဝိုးတဝါးတွေ့မြင်လိုက်ရသောအခါ မှူးမတ်များကိုခေါ်၍ "အဲ့လိုလုပ်သွားတာ ဘယ်သူတုန်း အသင်တို့သိကြသလား ဆွေမျိုးလား မိတ်ဆွေလား ဘာပဲဖြစ်နေဖြစ်နေ ငါ့မှာရန်သူတော့ ရှိနေပြီ" ဟုစိုးရိမ်မိတော့လေသည်။

နောင်နှစ်အနည်းငယ်ကြာသော် မင်းသားသည် ကာသိတိုင်းဘုရင်၏ ဆင်တပ်အတွင်းရှိ ဆင်ဦးစီးထံ တပည့်ဖြစ်ရန် ကြိုးပမ်းရာမှ အောင်မြင်လေတော့သည်။
မင်းသားသည် ညနေပိုင်းတွင် ဆောင်းတီးရင်း သီချင်းဆိုလေသည်။

ထို အသံကို မင်းကြီးကြားသောအခါ သာယာနာပျော်ဖွယ် ရှိသည်ဖြစ်၍ ကြိုက်နှစ်သက်တော် မူလေသည်။ ထိုကြောင့် ဆင်တင်းကုတ်မှ ကြားသောဆောင်းသံသည် ဘယ်သူတီးတာတုန်းဟု ဆင်ထိန်းကိုခေါ်မေးသော် သူ၏တပည့်ဖြစ်ကြောင်း ရှင်းပြသောအခါ ဘုရင်ကြီးသည် မင်းသာအား အနား၌ထားကာ ဖျော်ဖြေ အသုံးတော်ခံသည့် နေရာသို့ ရောက်သွားလေတော့သည်။

မင်းသားသည် လိမ္မာရေးကြားရှိသူဖြစ်သောကြောင့် ဘုရင်ကြီး၏ ဝေယျာဝစ္စများကိုပါ လုပ်ဆောင်ပေးလေသည်။ ယဉ်ကျေးသောအမူအရာ ပြုငှါသောစကားကို ဆိုတက်ခြင်းကြောင့် ဘုရင်ကြီးသည် နှစ်ချိုက်တော် မူသောကြောင့် တအားခင်မင်ရင်းနှီးသွားကြသည်။

ထိုအခါဘုရင်ကြီးသည် သွားလေခေါ်သွားနိုင်ရန် ရထားထိန်းနေရာပေး၍ မင်းသားအား မြင်းဆရာ ရထားလုံးဆရာ ရာထူးပေးလေသည်။

တစ်ရက်သောအခါ မင်းသားလေးကို ရထားမောင်းခိုင်းပြီး တောပစ်မယ်(အမဲလိုက်ခြင်း၊ သားကောင်ရှာခြင်း) ဟုဆိုကာ တောထဲဝင်ကြလေသည်။ အခြံအရံ ဗိုလ်ပါများအား နောက်မှလိုက်စေသည်။

ထိုအခွင့်အရေးကို မင်းသားသည် အသုံးချကာ ရထားလုံးအား အမြန်မောင်းနှင်စေပြီ နောက်ပါများနှင့် ဝေးရာသို့ ခေါ်သွားလေတော့သည်။

မင်းကြီးသည် မင်းသား၏စိတ်ကို မသိသဖြင့် သူယုံကြည်ရသော လူတစ်ယောက်ဟု ယုံမှတ်ကာ အမြန်မောင်းသော်လည်း ဘာမှမပြောဘဲ နေလေ၏။

တောနက်ထဲရောက်လောက်သော် မင်းကြီးက ငါမောပြီ ခဏနားကြရအောင် နောက်လူတွေလဲ စောင့်ရင်းပေါ့ ဟုဆိုကာ လှည်းကိုရပ်စေသည်။ ထို့နောက် ပင်ပန်းသည်ဖြစ်၍ အိပ်လိုသောကြောင့် မင်းသားသည် အိပ်စောင်အား ဖြန့်ခင်းပေးပြီး မင်းသား၏ပေါင်ပေါ်တွင်ပင် အိပ်စက်လိုက်တော့သည်။

ထိုအခါ မင်းသားလည်းအသင့်ပါလာသော ဓားကိုထုတ်ပြီး မင်းကြီးအား လုပ်ကြံမည်ဟု ဆုံးဖြတ်လိုက်တော့သည်။ ထိုသို့ ဆုံးဖြတ်လိုက်သည်နှင့် ဖခင်မှာကြားသွားသောစကားဖြစ်သည့် "အရှည်ကိုလည်းမကြည့်နဲ့ အတိုကိုလည်းမကြည့်နဲ့ ရန်ကိုရန်ခြင်း မတုံ့နှင်းနဲ့ ကလဲ့စားချေမယ်ဆိုရင် ဘယ်တော့မှ ပြီးမှာမဟုတ်တော့ဘူး" ဆိုသည့်စကားကို နားထဲပြန်ကြားလာသည်။

တဖန် ဒီအချိန်ဟာအချိန်ကောင်းဘဲ သူကမင်းမိဘတွေကိုသတ်သွားတာ ဒါအခွင့်အရေးဘဲ ဟုဆိုကာ မာန်ကို ပြန်တင်းလိုက်ပြန်လေသည်။ ထို့နောက် ဖခင်၏စကားကား နားထဲပြန်ကြားလာပြန်လေသည်။

ထိုအချိန်ဝယ် ဘုရင်ကြီးက ဖျက်ခနဲ လန့်နိုးလာသည်။ မင်းသားလဲ ဓားကိုအသာပြန်ဝှက်ထားလိုက်သည်။ "ငါအိပ်မက်မကောင်းဘူး ငါ့အိပ်မက်ထဲမှာ ငါသိမ်းပိုက်ခဲ့တဲ့ တိုင်းပြည်က ဘုရင်ရဲ့သားက ငါ့ကိုဓားနဲ့လိုက် ထုတ်လို့ ထွက်ပြေးနေရတယ်လို့ အိပ်မက်မက်မိတယ်"ဟု အိပ်မက်အကြောင်း ပြောပြလေသည်။

ထိုအခါမင်းသားက ဘုရင်ကြီး၏ခေါင်းကို လက်ကကိုင် လည်ပင်းအား ဓားနှင့်ထောက်ကာ "ဟုတ်တယ်...အဲ့မင်းသားလေးဟာကျုပ်ပဲ၊ ကျုပ်တိုင်းပြည်ကိုသိမ်းတယ်၊ ကျုပ်တို့ရတနာကိုယူတယ်၊ ကျုပ်မိဘကိုသတ်တယ် ဒါကြောင့် ကျုပ်အခု ခင်ဗျားကို ပြန်သတ်မလို့ဘဲ"ဟု ပြောလိုက်လေ၏။

ထိုအခါ ဘုရင်ကြီးသည် ကြောက်လန့်တကြား ဖြစ်ကာ တအားကြောက်သွားသည်။ (ကိုယ်နိုင်သဖြင့် လုပ်ထားပြီး ကိုယ်ခံရမည့် အလှည့်တွင် ကြောက်လေ့ကြောက်ထရှိသည်မှာ လူတို့၏သဘောပင် ဖြစ်လေသည်)

"ငါ့ကိုချမ်းသာပေးပါကွာ..ငါ့ကိုချမ်းသာပေးပါကွာ"ဟု တောင်းပန်သောအခါ မင်းသားကလည်း "ကျုပ်ကသာ ခင်ဗျားကို ချမ်းသာပေးရမှာမဟုတ်ဘူး ခင်ဗျားကလည်း ကျုပ်ကိုချမ်းသာပေးရမယ်"ဟုဆိုကာ တစ်ယောက်နှင့်တစ်ယောက် ဘယ်တော့မှရန်မပြုကြောင်း ကန်သူလိုမဆက်ဆံရကြောင်း ယုံကြည်စိတ်ချ လောက်သည်အထိ အပြန်အလှန်သစ္စာဆိုကြပြီး ဖလှဲတကင်း နှုတ်ဆက်ဖတ်ကြလေသည်။

ထို့နောက် နန်းတော်သို့ပြန်သွားကာ မှူးမတ်များကို ထိုဖြစ်စဉ်ပြောပြပြီး ငါဒီလိုသစ္စာဆိုသည့်အတွက် အသင်တို့လည်း လိုက်နာဖို့လိုကြောင်း မိန့်လေသည်။ ထို့နောက် ကာသိမင်းကြီးက ကောသလမင်းသားအား မိမိအားသတ်ရန်အခွင့်ရသည်ကို မသတ်ဘဲ ညှာတာသည်အား အသိအမှတ်ပြုသည့်အနေဖြင့် သိမ်းထားသော တိုင်းပြည်အား ပြန်လည်အပ်နှင်းလေသည်။

(ထိုခေတ်အခါက သစ္စာသည် ဆိုလျှင်ဆိုသည့်အတိုင်း ဖြစ်သည်ဖြစ်သောကြောင့် မဖောက်ဖျက်စောင့် ထိန်းလေသည်။ ယခုအခါဝယ် ဤသို့မဟုတ်ဘဲ သစ္စာသည် ဆိုပြီးသော်လည်း မဖြစ်သည့်အသွင်သို့ ပြောင်းသွားဟန်ရှိသည်)

ထိုဇာတ်လမ်းအား ရဟန်းများကို ညီညွတ်စေရန် ဟောခြင်းဖြစ်သည်။ လောကသားများလည်း ဥပမာ ယူထိုက်လေသည်။

လူတို့သည် ခိုက်ရန်ဖြစ်သောအခါ မေတ္တာကိုမေ့ပြီး ပြောချင်သည်များကို နှုတ်ကျွံကြသည်သာဖြစ်သည်။ နောက်ဆက်တွဲ ပြသနာများကို မစဉ်းစားကြချေ။ ဒါတွေမလုပ်သင့်ကြောင်း မြတ်ဗုဒ္ဓက ရှင်းပြလေသည်။

ငါ့ကိုဆဲတယ် ငါ့ကိုရိုက်တယ် ငါ့ကိုအတိုင်ကျင့်တယ် ဒီလို အညှိုးအတေးတွေကို ဖျောက်နိုင်မှ ငြိမ်းအေးမယ်။ ရန်ကိုရန်ခြင်းတုံ့ပြန်ခြင်းသည်လည်း ဘယ်တော့မှငြိမ်းအေးမည်မဟုတ် မေတ္တာ နှင့် သည်းခံခြင်းသည်သာ ငြိမ်းအေးမည်ဖြစ်သည်။

တစ်နေ့ကြရင် ငါတို့သေကြရမှာကို မသိသောသူတို့သည် မိမိဘဝကို ရန်ဖြစ်ခြင်းဖြစ်သာ အချိန်ကုန်ဆုံးလေ့ရှိတော်သည်။ ကာသိမင်းနှင့်ကောသလမင်း တို့ဇာတ်လမ်းကို ချစ်သားတို့ နမူနာယူကြပါ ဟု ကောသဗ္ဗီပြည်မှ ရဟန်းများကို နှစ်ဖွဲ့ကွဲသောအခါ ထိုအဆုံးအမများ ဟောကြားခဲ့ခြင်း ဖြစ်လေတော့သည်။

အပေါင်းနှင့်အသင်းနှင့် နေသမျှ  ကာလပတ်လုံး မေတ္တာနှင့် ခန္တီရှိရမည်သာ ဖြစ်သည်။ (လူဆိုး လူမိုက် မကောင်းသောသူများနှင့် ပေါင်းသင်းပြီး အမြဲသည်းခံဟု မဆိုလို) ။ လူတော် လူကောင်း ပညာရှိများနှင့် ပေါင်းသင်းပြီး ရန်ဖြစ်ခြင်း စိတ်ဝမ်းကွဲခြင်း မရှိအောင် နေရထိုင်ရမည် ဟု ဆိုလိုသည်။

အဖော်ကောင်းမတွေ့ရင်တော့ တစ်ဦးထဲသာနေ ကောင်းအောင်သာနေပါ ရဟန်းတို့ ဟုဆိုကာ သပိတ်ကလေးလွယ်ပြီး တောထဲထွက်သွားလေတော့သည်။

(တောထဲ တစ်ပါးထဲမထွက်သွားခင် ရဟန်းတို့အား ဆုံးမခဲ့သောစကားများသည် အင်မတန် အကျိုးရှိသောကြောင့် ဖော်ပြခြင်း ဖြစ်လေတော့သည်)

မြတ်ဗုဒ္ဓသည် သံဃာများကို အဆုံးအမပေးပြီး တစ်ပါးတည်း ပါလိလေယကတော (မြန်မာအသံထွက် ပလလဲတော) သို့ ဦးတည်ပြီး ထွက်လာလေသည်။

သို့သော် လမ်းခရီးတွင် ဘာလက ဟူသော ဆားချက်သော ရွာလေးတစ်ရွာသို့ ရောက်လေသည်။ ထိုရွာတွင် ပဂုဆိုသော ရဟန္တာ မထေရ်တစ်ပါး ရှိလေသည်။ ကပိလဝတ်မြို့သား ရဟန်းတော်တစ်ပါး လည်းဖြစ်သည်။

မြတ်ဗုဒ္ဓသည်လည်း နေရေး၊ ထိုင်ရေး၊ ကျန်းမာရေး များနှင့် ပတ်သတ်ပြီး မေးမြန်း တရားဓမ္မတို့ကို ဖြေကြားပြီးနောက် ဘာလကရွာ အရှေ့ဘက်ရှိ ဝါးတောကြီး ဘက်သို့ ခရီးဆက်ထွက်သွားသည်။

ထိုနေရာတွင် ရှင်အနုယုဒ္ဓါ ရှင်နန္ဒိယ ရှင်ကိမိလ တို့ သုံးပါးတည်း သီတင်းသုံးလေသည်။ ထိုသုံးပါးသည်လည်း သာကီဝင်အနွယ်များသာ ဖြစ်သည်။ ထိုဝါးတောကြီးအား စောင့်ရှောက်ရန် တောစောင့်တစ်ယောက် ရှိလေသည်။ သို့သော် ထိုတောစောင့်သည် မြတ်ဗုဒ္ဓလာသည်ကို မြင်သောအခါ ထွက်၍တားလေသည်။

အဘယ်ကြောင့်ဆိုသော် တောထဲတွင် ညီညွှတ်စွာသီတင်းသုံးနေသော ကိုယ်တော်သုံးပါးသည် မြတ်ဗုဒ္ဓကြောင့် ညီညွှတ်မှု ပျက်ပြားမည် စိုးသောကြောင့် မလာရန်တားမြစ်လေသည်။ ဘုရားမှန်းလဲ မသိသောကြောင့်ဖြစ်သည်။

သူတားသောအသံကို ရှင်အနုရုဒ္ဓါက ကြားသဖြင့် ထွက်ကြည့်လေရာ ဘုရားမှန်းသိသဖြင့် ပင့်ဖိတ်ပြီး နေရာထိုင်ခင်း ပြင်ပေးလေသည်။ ကျန်ကိုယ်တော်များလည်း ရောက်ရှိလာလေသည်။ ကျန်းမာရဲ့လား အဆင်ပြေကြလား မြတ်ဗုဒ္ဓက မေးလေသည်။ ကျန်းမာကြောင်း ပြန်လည်ဖြေကြားလေသည်။

ထို့နောက်မြတ်ဗုဒ္ဓက ထိုညီနောင်သုံးပါးအား ညီညီညွှတ်ညွှတ် နေထိုင်ရာ၌ မည်သို့သော စိတ်မွေးသနည်း။ ဘယ်လိုနေထိုင်ကြသနည်း ဟု မေးမြန်းလေသည်။

ရှင်အနုရုဒ္ဓါ - "အရှင်ဘုရား တပည့်တော်တို့ တစ်ပါးနှင့်တစ်ပါး အခြင်းခြင်း မေတ္တာနဲ့ရှုပါတယ် ကာယကံဖြစ်စေ ဝစီကံဖြစ်စေ မနောကံဖြစ်စေ မေတ္တာနှင့်သာ လုပ်ဆောင်ပါတယ်"

(လူတို့သည် တစ်ယောက်ယောက်နှင့်တစ်ယောက် အတူနေလျှင် မေတ္တာဖြင့် သိပ်မကြည့်တော့ ရန်စကားသာဆိုကြသည်။ ပစ္စည်းကိုင်ပြီးနေရာတကြ ပြန်မထားဘူး၊ အတူနေပြီးအားမကိုးရဘူး စသဖြင့် ဗြစ်တောက်ဗြစ်တောက် ပြောဆိုလာတက်ကြသည်)

"အရှင်ဘုရား တပည့်တော်တို့ ရှေ့မှာဖြစ်စေ ကွယ်ရာမှာဖြစ်စေ အတင်းမပြောပါဘုရား တစ်ယောက်အလုပ် တစ်ယောက်မတွယ်ကပ်ဘဲ သူ့အလုပ်ငါ့ အလုပ် မခွဲခြားဘဲ လုပ်ပေးပါတယ်ဘုရား၊ နောက်ပြီး တပည့်တော်တို့စပြီး အတူတူနေကတည်းက ငါ့ဆန္ဒထက် သူ့ဆန္ဒကို့ဦးစားပေးရမယ် ဆိုတာကိုလည်း နှလုံးသွင်းထားပါတယ် ဘုရား"

မြတ်ဗုဒ္ဓ - "ဟုတ်ပြီ မမေ့မလျော့ခြင်းနဲ့ရော နေကြရဲ့လား"

(လောကလူများသည် ညီညွှတ်သော်လည်း အပျော်အပါးတွေလိုက်စားပြီ ကာမဂုဏ်အာရုံ တွေထဲစိတ်ကို လွှတ်ထားပြီ ကုသိုလ်ကောင်းမူ လုပ်ရန် မေ့လျော့နေတက်ကြသည် ထိုသို့ အိပ်ခြင်း စားခြင်း ကာမဂုဏ် မှီဝဲခြင်း တို့ဖြင့်သာ အချိန်ကုန်နေမူကား တိရိစ္ဆာန်၏ ဘဝနှင့် တူနေမည်ဖြစ်သည်သာ၊ စိတ်ပျော်သလိုသာနေပြီး သေသောအခါ အကုသိုလ်ဘုံများသို့ သွားလေတော့သည်။)

ရှင်အနုရုဒ္ဓါ - "တပည့်တော်တို့ မမေ့လျော့ဘဲ နေသည်ဆိုသည်မှာ တပည့်တော်တို့ နေ့စဉ်လုပ်ငန်းများ လုပ်ကြပညတယ်ဘုရား ကမ္မဌန်း သာမပတ် ဆွမ်းခံချိန် ဆွမ်းစားချိန် ဝေယျာဝစ္စလုပ်ချိန် စသဖြင့် သေချာခွဲခြားထားပါတယ် ဘုရား အကျိုးမရှိသော စကားပြောခြင်း စုစုံခြင်း လုပ်ခြင်းမရှိကြပါဘူး ဘုရား၊ ဒါပေမယ့် ငါးရက်တစ်ကြိမ်တိုင်း တရားဖလှယ်ခြင်း မေးလျှောက်ခြင်း နာကြားခြင်းများလည်း ပြုလုပ်ကြပါတယ် အရှင်ဘုရား"

မြတ်ဗုဒ္ဓသည်လည်း ညီညွှတ်ရေးတရားများ ဆက်လက်ဟောကြားပြီး ပလိလေယက (ပလလဲ) မြို့ငယ်အနီးရှိ ရက္ခိတရဏ တောအုပ်ကြီး ထံသို့ တစ်ပါးတည်းကြွသွားပြီး ထိုတောအုပ်ရှိ အင်ကြင်းပင်အောက်၌ မြတ်ဗုဒ္ဓတရားအားထုတ်ရန် ဆောက်ပေးထားသော ကျောင်းလေးတွင် သီတင်းသုံးလေသည်။

(၁၀)ဝါမြောက် [သက်တော် (၄၄)နှစ်] ဝါအားထိုနေရာတွင် ဝါဆိုလေသည်။ ထိုဝါတွင်းသုံးလတွင် မြတ်ဗုဒ္ဓသည် လူတို့အား တရားဟောခြင်း ဆုံးမခြင်း မရှိသော်လည်း (ချေချွတ်ရန်ပုဂ္ဂိုလ် မတွေ့ဟုလည်း ဆိုသည် ) နတ်၊ ဗြဟ္မာ အပေါင်းအား ဟောပြောဆုံးမခြင်းမျိုး ရှိလေသည်။

မြို့ထဲရွာထဲ ဆွမ်းခံကြွလျှင်လည်း ဆွမ်းလောင်လှူသူများအား တစ်လုံးရရ နှစ်လုံးရရ ဟောပြောခြင်းမျိုး ရှိလေသည်။

ဝါကျွတ်သောအခါ ရှင်အာနန္ဒာနှင့် ရဟန်း ၅၀၀ လာရောက်ဆည်းကပ် တရားခြင်း ပြုလုပ်ခဲ့သည်။ ထို့နောက်မြတ်ဗုဒ္ဓသည် သာဝထ္တိသို့ကြွလေသည်။

ကောသဗ္ဗီပြည်တွင်လည်း မြတ်ဗုဒ္ဓတစ်ပါးတည်း ပါလိလေယကတော၌ ဝါဆိုချိန်တွင် ကောသဗ္ဗီပြည်သားတို့သည် "ဒီကိုယ်တော်တွေဟာ အကျိုးယုတ်မှုကို ဖြစ်စေတယ် မြတ်ဗုဒ္ဓကငြိမ်းအေးဖို့ ဆုံးမတာတောင် တရားမရဘူး လုပ်ချင်တာလုပ်ကြလို့ အခု မြတ်ဗုဒ္ဓတစ်ပါးထဲ ကြွသွားပြီ ဒီကိုယ်တော်တွေကြောင့် ငါတို့တွေ တရားလဲမနာရတော့ဘူး ဒီကိုယ်တော်တွေကို ဆွမ်းမလောင်းတော့ဘူး" ဟုပြောဆိုကြကုန်၏။

ဘယ်ကိုယ်တော်ကြွကြွ ဆွမ်းမလောင်းတော့သောအခါ သူတို့မှားမှန်းသိကုန်ကြသည်၊ နောင်တရကုန်ကြသည်။ ထို့ကြောင့်သံဃာတို့သည် မြတ်ဗုဒ္ဓအား တောင်းပန်လျှောက်ထားရန် မြတ်ဗုဒ္ဓရှိရာ သာဝတ္ထိသို့ လိုက်လာလေတော့သည်။

ထိုရဟန်းများ ရောက်တော့မည်ကို ရှင်သာရိပုတ္တရာ ရှင်မဟာမောဂ္ဂလန် တို့ပါဝင်သော ထိပ်တန်းရဟန်း (၁၀) ပါးက လျှောက်လေသည်။ "အရှင်ဘုရား ကောသဗ္ဗီပြည်ရှိ မတည့်သောရဟန်းတို့သည် အရှင်ဘုရားထံ တောင်းပန်ရန် လာနေပါပြီ သာဝတ္ထိကို ဒီရဟန်းတွေရောက်လာရင် တပည့်တော်တို့ ဘယ်လိုဆက်ဆံရမလဲဘုရား ဘယ်လိုလိုက်နာရမလဲဘုရား" (တစ်ဖက်ကို လက်ခံရင် တစ်ဖက်ကမကျေနပ်ဖြစ်မည် ဖြစ်သောကြောင့်ဖြစ်သည်။)

မြတ်ဗုဒ္ဓ - "ဓမ္မ (အမှန်တရား) ရဲ့ဘက်ကိုသာလိုက်ပါ ချစ်သား"

ထိုအခါ "အရှင်ဘုရား...တပည့်တော်တို့အား ဘယ်ဟာက ဓမ္မဘယ်ဟာက အဓမ္မဆိုတာ ဟောကြားပေးပါဘုရား"ဟု ဆက်လက်မေးလျှောက်လေသည်။

"ဓမ္မကို အဓမ္မလို့ ပြောတဲ့ပုဂ္ဂိုလ် ၊ အဓမ္မကို ဓမ္မဟုပြောသူ (ခြင်လောက်တော့ သတ်လို့ရတယ် ဘာမှမဖြစ်ဘူး စသဖြင့်ပြောသူ)၊ ငါဘုရားမဟောသည်ကို ဟောသည်ဟုပြောသောပုဂ္ဂိုလ် ငါဘုရားဟောသည်ကို မဟောဘူးဟု ပြောတဲ့ပုဂ္ဂိုလ်၊ ငါဘုရား လိုက်နာဆောင်ရွက်ခြင်း မရှိသည်ကို လိုက်နာဆောင်ရွက်သည်ဟု ပြောသောပုဂ္ဂိုလ်၊ ငါဘုရား လိုက်နာဆောင်ရွက်သည်ကို လိုက်နာဆောင်ရွက်ခြင်း မရှိဟု ပြောသောပုဂ္ဂိုလ်၊ ငါဘုရားဥပဒေ မထုတ်ထားသည်ကို ဥပဒေထုတ်သည်ဟု ပြောသော ပုဂ္ဂိုလ် ၊ ငါဘုရားဥပဒေ ထုတ်ထားသည်ကို ဥပဒေမထုတ်ထားဟု ပြောသောပုဂ္ဂိုလ်၊ အပြစ်မသင့်သည်ကို အပြစ်သင့်သည်ဟု ပြောသောပုဂ္ဂိုလ်၊ အပြစ်သင့်သည်ကို အပြစ်မသင့်ဟု ပြောသောပုဂ္ဂိုလ်၊ ပေါ့သောအပြစ်ကို လေးသည့်အပြစ်ဟု ပြောသောပုဂ္ဂိုလ်၊ လေးသောအပြစ်ကို ပေါ့သည်ဟု ပြောသောပုဂ္ဂိုလ်၊ ချွင်းချက်မရှိသော အပြစ်ကို ချွင်းချက်ရှိသောအပြစ်ဟု ပြောသောပုဂ္ဂိုလ်၊ ချွင်းချက်ရှိသောအပြစ်ကို ချွင်းချက်မရှိသော အပြစ်ဟု ပြောသောပုဂ္ဂိုလ်၊ ရုတ်ညံ့သောအပြစ်အား မရုတ်ညံ့သောအပြစ်ဟုပြောသောပုဂ္ဂိုလ်၊ မရုတ်ညံ့သောအပြစ်အား ရုတ်ညံ့သော အပြစ်ဟု ပြောသောပုဂ္ဂိုလ် အဲ့လိုပုဂ္ဂိုလ်တွေကို အဓမ္မဝါဒီသမားလို့ ခေါ်တယ်ချစ်သား"

(ဓမ္မဝါဒီသည် အဓမ္မဝါဒီအချက်များကို ဆန့်ကျင်ဘက်ယူပါ)

သာဝတ္ထိရှိ ဝိသာခါ နှင့် အနာထပိတ် ကလည်း "အရှင်ဘုရား အဖွဲ့ကွဲသွားသော ရဟန်းများလာလျှင် တပည့်တော်တို့ ဘယ်လို လုပ်ရမလဲဘုရား"ဟု မေးလျှောက်ကြပြန်၏။

ထိုအခါမြတ်ဗုဒ္ဓက "နှစ်ဖွဲ့လုံးကို လှုပါ နှစ်ဖွဲ့လုံးကတရားကို နာပါ၊ နာပြီးတော့မှ ဘယ်အဖွဲ့ကဟောတဲ့ စကားဟာတရားနည်းလမ်းကြတယ်၊ ဘယ်အဖွဲ့ဟာ တရားနည်းလမ်းမကျဘူး ဆိုတာကို သုံးသက်ပြီးချဉ်းကပ်ပါ" ဟုရှင်းပြလေသည်။

(မြတ်ဗုဒ္ဓသည် မည်သူ့ဘက်မှ မလိုက်ဘဲ ထိုကဲ့သို့တရားနည်းလမ်းကျကျ ဟောလေသည်။ အကယ်၍ တစ်ဖက်ဖက် လိုက်ပြီးသာ ဆုံးမလိုက်ပါက ကျန်တစ်ဖက်သည် အညှိုးကြီးကြမည်သာ ဖြစ်သည်)

မြတ်ဗုဒ္ဓအား နှစ်ဖွဲ့ကွဲသွားသော ရဟန်းတို့သည် မိမိအပြစ်များကို မိမိတို့ကိုယ်တိုင် သိရှိပြီး မြတ်ဗုဒ္ဓသည်လည်း ငြိမ်းချမ်းရေးတရား ဟောသောကြောင့် တစ်ဖက်နှင့်တစ်ဖက် ပြန်လည် သင့်မြတ်သွားကြလေသည်။

ဤသည်မှာ မြတ်ဗုဒ္ဓသည် ၁၀ ဝါမြောက် သက်တော် ၄၄ နှစ်တွင် ပလိလေယက တော၌ဝါဆိုပြီး သာဝထ္တိမြို့တွင်ရှိချိန်၌ နှစ်ဖွဲ့ကွဲသောရဟန်းများအား ဆုံးမစကား ငြိမ်းချမ်းရေးတရား ဟောခဲ့သော အဖြစ်အပျက် ဖြစ်လေသည်။

(မိဘများသည်လည်း မိမိ တို့၏ သားသမီးနှင့်ပတ်သက်လာလျှင် အကြီး အငယ် ဘက်မလိုက်ဘဲ ဆုံးဖြတ်ဖို့လိုပေသည်)

                            #ငြိမ်းချမ်းပါစေ
                                
                                        copy